Dieciséis

91 7 0
                                    

Unicode

အလုပ်ရှာရခက်ခဲခဲ့တဲ့ Jongin က အခုရထားတဲ့အလုပ်ကို တန်ဖိုးထားပြီး ကြိုးကြိုးစားစားလုပ်ရှာသည်။ Jongin က နဂိုထဲကစာတော်တဲ့လူဖြစ်ပြီး အလုပ်မှာလည်း သင်လွယ်တက်လွယ် တာဝန်ကျေပြွန်တဲ့ဝန်ထမ်းမို့ အလားအလာကောင်းတွေရှိနေပါ၏။

Jongin အတွက် အလုပ်အကိုင်အဆင်ပြေနေပေမယ့် Appa နဲ့ကြတော့ အဆင်မပြေလှ။ Sehun ကိုနက်နက်နဲနဲချစ်မိလေ Appa နဲ့ပြဿနာတက်လေပဲ။ Sehun က လက်ထပ်ချင်ပေမယ့် Jongin အခုလိုအခြေအနေနဲ့ အိမ်ထောင်တစ်ခုမထူထောင်လိုဖူး။ Sehun Omma ကို ရင်မဆိုင်နိုင်သေးဖူး။ သူတို့အသိုင်းအဝိုင်းထဲတိုးဝင်နိုင်ဖို့ အလုပ်ကြိုးစားပြီး ရာထူးတွေလည်းလိုချင်သေးသည်။ ဒါမှ Sehun Omma က အထင်မသေးတော့မှာမလား။

စိတ်ထဲကအတွေးတွေနဲ့ အလုပ်ကိုလည်းအမှားအယွင်းနည်းအောင် ကြိုးစားလုပ်နေမိသည်။ Jongin ကြိုးစားနေမှဖြစ်မည်။ Sehun က Jongin ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် လက်ခံနေပင်မယ့်၊ Sehun တို့အသိုင်းအဝိုင်းထဲ Sehun ကိုမျက်နှာမငယ်စေချင်ပါ။ Jongin ကြောင့် Sehun ဂုဏ်ယူရတာပဲဖြစ်စေချင်သည်။

"တူတူတူ"

ထမင်းစားနားချိန်မှာ Sehun စီကခေါ်နေကြ ဖုန်းကောလ်လေးဝင်လာသည်။ ပင်ပန်းနေသမျှက ဖုန်းစကရင်ပေါ်က Sehun နာမည်လေးပေါ်လာတာနဲ့ အမောကိုပြေသွားတာပါပဲ။

"Hun ပြော"

"ညနေလာကြိုမယ် Innie"

Sehun ရဲ့ ဩရှရှအသံဟာ Jongin အတွက်အားတက်စေတာအမှန်ပဲ။ Sehun ကို မချစ်ပဲမနေနိုင်ပါ။

"အင်း။ လာကြိုနော်"

ချွဲချွဲလေးပြန်ပြောမိတော့ တစ်ဖက်က Sehun ကရယ်သည်။

"အဟားဟား ငါ့အချစ်လေးက ချွဲနေတာပဲ။ ချစ်လိုက်တာ အချစ်လေးရယ်"

"အပိုတွေ။ ဒါပဲ။ ညနေမှတွေ့မယ်"

"အိုကေ အိုကေ။ ဖိုက်တင်းနော် အချစ်လေး"

Sehun ဖုန်းချသွားတော့ Jongin ပြုံးနေမိသည်။ ညနေကြရင် အိမ်တူတူပြန်ကြရမှာမို့ တွေးရင်းပျော်နေရသည်။

ညနေအလုပ်ဆင်းတော့ ကုမ္ပဏီကထွက်လိုက်တာနဲ့ Sehun ကားကအသင့်စောင့်ကြိုနေသည်။ Sehun က ကားတံခါးဖွင့်ပေးပြီး Jongin ကိုတက်ထိုင်စေသည်။ ထိုင်ခုံခါးပတ်ပတ်ပေးဖို့လည်း သူမမေ့။

DevotionWhere stories live. Discover now