[ Unicode Version ]
အင်ဒယ်ဟန်က ဂျယ်ချွန်းဒုံမှာရှိတဲ့ သားသတ်သမားတစ်ယောက်၏ သားဖြစ်သည်ဟု ကောလဟာလများ ပျံ့နှံ့လျက်ရှိသည်။နွားတွေ၊ဝက်တွေလိုမျိုး ခြံမွေးတိရစ္ဆာန်အများစုအား အရောင်းအဝယ် ထွန်းကားသည့် ကြီးမားသောစျေးကြီးတစ်ခု ဂျယ်ချွန်းဒုံတွင်ရှိလေသည်။
အင်ဒယ်ဟန်က ထိုတိရစ္ဆာန်တွေရဲ့ ခြေလက်တွေကို ဖြတ်တောက်၊ အရိုးတွေကိုခြေမွပြီး အသွေးအသားနဲ့အူကလီစာတွေကို စုပ်ယူပေါင်းစည်းကာ လူတွေရဲ့အစာအိမ်ကိုဖြည့်ဆည်းဖို့အတွက် လုပ်ကိုင်ကြသော ထိုနေရာ၌ နေထိုင်သည်ဟုပြောကြသည်။
တချို့သောလူများမှာ အင်ဒယ်ဟန်ရဲ့ သားသတ်သမားအဖေအားတွေ့ပြီးနောက် သားသတ်သမားများကို စတင်လှောင်ပြောင်လာကြပြီး အခြားသော မကောင်းသတင်းများပါလွှင့်လာကြသည်။ ထမင်းစားရင်တောင် အသားဟင်းမပါဘဲမစားနိုင်ကြသည့်သူတွေက အင်ဒယ်ဟန်ရဲ့အဖေက သားသတ်သမားဖြစ်နေသည့်အချက်ကြောင့် ဝိုင်းအထင်သေးကြသည်မှာ ရယ်စရာကောင်းလှသည်။ ဒါပေမယ့် ပိုပြီး ရယ်ရတာက ထိုသို့ပြောနေသူများသည် အင်ဒယ်ဟန်ရှေ့တွင်တော့ ထိုအကြောင်းအရာများကို တစ်ခွန်းမှမဟရဲကြဘဲ နောက်ကွယ်၌သာ ပြောရဲသူများဖြစ်ကြသည်။
ထိုပြောဆိုကြသူများသည် အင်ဒယ်ဟန်၏ ထွားကျိုင်းသည့်ခန္ဓာကိုယ်နှင့် ၁၉၀စင်တီမီတာကျော်ရှည်သောအရပ်ကိုတော့ ကြောက်ရွံ့ကြလေသည်။ အင်ဒယ်ဟန်အရပ်သည် ဘတ်စကတ်ဘောအသင်းက ကစားသမားများထက်ပင် ရှည်နေ၏။
(T/N: ပေနဲ့ဆိုရင် ဒယ်ဟန့်အရပ်က ၆ပေကျော်နီးပါးရှိပါတယ် ^^)ထိုသူများသည် အင်ဒယ်ဟန်ရှေ့မှောက်၌ ဆီပူထဲတွင်ထည့်ကြော်ပါက ကျုံ့ဝင်သွားသော တုတ်ချောင်းများကဲ့သို့ကြောက်ကြသော်လည်း နောက်ကွယ်တွင်တော့ မမြင်ချင်စရာကောင်းလောက်အောင် လှောင်ရယ်နေသူများဖြစ်၏။ ထိုလူတွေ ဘာလို့ အင်ဒယ်ဟန့် နောက်ကွယ်မှာ ဒီလိုပြောနေကြလဲဆိုတာ နားမလည်နိုင်ပေ။ ဒါပေမယ့် တကယ်တမ်းတော့ သူသည်လည်း ထိုလူတွေနှင့် ထူးမခြားနားသည်ပင်။
သူကိုယ်တိုင်သည်လည်း ကိုယ့်ကိုကိုယ် ဟုတ်လှပြီဟုထင်နေပြီး ကြမ်းတမ်းလှသည့် အင်ဒယ်ဟန်ကိုမြင်ရတာ သက်တောင့်သက်သာမရှိသည့်အပြင် တစ်ဖက်တွင်လည်း ထိုသူအား အလွန်ကြောက်လေသည်။
YOU ARE READING
ဇီးချိုသီး ချိုမြမြအချစ် (ဘာသာပြန်)
RomanceTitle - Plum Candy Love / Plum Sugar Love (자두 사탕 러브) Author - 500M Under the Sea (해저500M) Status in COO - 88 Chapters Myanmar Translation - Ongoing This is just a fan translation. I do not own the story or art. I give full credits to the original...