!!!! Notice !!!!

749 32 9
                                    

Hello ~

ပထမဆုံးအနေနဲ့

အစ်မ မျက်မှန်စစ်ပြီး ဆေးခန်းသွားပြတာ ပါဝါကြောင့် မျက်လုံးအခြေအနေဆိုးနေလို့ ဆရာဝန်က တစ်ပတ်လောက် ဖုန်းကြည့်တာလျှော့ပြီးနားခိုင်းထားလို့ အစ်မရေးနေတဲ့ သုံးပုဒ်လုံး ဒီအပတ် updateမရှိပါဘူးရှင်

နောက်အပတ်ထဲကျမှ ဖြည်းဖြည်းချင်း ပြန်ရေးပြီး ပြန်လာခဲ့ပါမယ်

တောင်းပန်ပါတယ်နော် ㅠㅠ

နောက်တစ်ခုတောင်းပန်ချင်တာက

အလုပ် ရုတ်တရက်လုပ်ဖို့ အကြောင်းဖန်လာပါတယ်။ အစ်မလည်း လုပ်ဖြစ်မယ်မထင်ထားဘဲ လုပ်ဖြစ်သွားတာပါ

အဲ့တော့ အစ်မ လိပ်နှုန်းနဲ့ပဲ သွားနိုင်လောက်တော့မယ်ထင်ပါတယ် (နဂိုထဲကလည်း လိပ်ပါပဲလေ 🥹)

updateတွေဆက်တိုက်ကြာနေတာ ongoing လိုက်ဖတ်တဲ့စာဖတ်သူလေးတွေကို အားနာလွန်းလို့ ဖြစ်နိုင်ရင် ongoingတောင် လိုက်မဖတ်စေချင်တော့တဲ့အထိပါ 😭

ဒါပေမယ့် အစ်မ ရေးနေတဲ့ သုံးပုဒ်လုံး ဘယ်ဟာကိုမှ အစ်မ မdropပါဘူးနော်
လုံးဝ တန်းလန်းလည်း မထားခဲ့ပါဘူး စိတ်ချပါ
ရေးတဲ့ processလေးပဲ ကြာမှာပါ

အကယ်၍ မစောင့်နိုင်လို့ Library ထဲထည့်ထားပြီး အားလုံးပြီးသွားမှ အစကပြန်ဖတ်မယ်ဆိုလည်း ရပါတယ်နော် 🥺

အဲ့ဒါကြောင့် အစ်မ စာဖတ်သူလေးတွေဆီကနေ အကြံတစ်ခုလောက်တောင်းချင်ပါတယ်

A. ရေးနေတဲ့ သုံးပုဒ်မှာ SALCက ၁၈ပိုင်းပဲ ရှိလို့ ကျန်တဲ့ နှစ်ပုဒ် (ဇီးချိုသီး နဲ့ ပြဌာန်းချက်မဲ့ )ကို ခဏ Hiatusလုပ်ထားပြီး SALCကိုပဲ အစ်မအရင်ပြီးအောင် ရေးပေးရမလား??

ဒါမှမဟုတ်

B. သုံးပုဒ်လုံး ဘယ်ဟာမှ Hiatusမလုပ်ပါ။ သို့သော် ရေးတင်တဲ့နှုန်းကတော့ အရင်ထက်စာရင် နည်းနည်းပိုကြာပါမယ်။ ဥပမာ ဒီအပတ် SALCနဲ့ ဇီးချိုသီး တစ်ပိုင်းစီ တင်ပေးရင် နောက်အပတ် SALCနဲ့ ပြဌာန်းချက်မဲ့ တစ်ပိုင်းစီ တင်ပေးပါမယ်။ နောက်အပတ်ရဲ့ နောက်အပတ်ကျမှ SALCနဲ့ ဇီးချိုသီး တစ်ပိုင်းစီ ပြန်လာပါမယ်။ SALCကတော့ အပိုင်းတိုတော့ မြန်မြန်ဖြတ်ချင်လို့ အစ်မ တစ်ပတ်တစ်ပိုင်းတော့ ရအောင် ကြိုးစားရေးပေးပါမယ် အဲ့လိုအဆင်ပြေမလား??

You've reached the end of published parts.

⏰ Last updated: Feb 20, 2023 ⏰

Add this story to your Library to get notified about new parts!

ဇီးချိုသီး ချိုမြမြအချစ် (ဘာသာပြန်)Where stories live. Discover now