Chapter - 4

330 66 1
                                    

[Unicode Version]

နေ့လည်အတန်းချိန်ပြီးနောက် ၅နာရီထိုးသောအခါ ကိုယ်ပိုင်စာကြည့်ချိန်သို့ရောက်ရှိလာခဲ့သည်။ ညစာစားချိန်က ၆နာရီမှဖြစ်သောကြောင့် ကြားထဲ၌ တစ်နာရီခန့် အားလပ်ချိန်ရ၏။

ဂီယောင်ဟွန်းတစ်ယောက် ခဲသားဘောပင်အား လှည့်ကစားရင်း ပုစ္ဆာကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် တွေဝေမနေဘဲ ခေါင်းကိုအနောက်သို့ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိ၏။

ဒယ်ဟန့်ထိုင်ခုံနှင့် ဘေးနားတစ်ဝိုက်သည် ဘယ်သူမရှိဘဲလွတ်နေခဲ့၏။ နေ့လည်က ၁နာရီထိုးပြီးတာနဲ့ ဒယ်ဟန်ပျောက်သွားခဲ့သည်။ နဂိုကတည်းက အတန်းပြေးလေ့ရှိသူဖြစ်သဖြင့် ဆရာမသည်လည်း သူ့အား အထူးတလည်လိုက်ရှာမနေတော့ပေ။ ထိုသူ ဘယ်ထွက်သွားလဲကိုတော့ သူလည်းမသိပါ။

သူ ဒယ်ဟန့်ထိုင်ခုံအားငေးကြည့်နေစဉ် အနောက်မှတစ်စုံတစ်ယောက်က လက်တို့လာသဖြင့် သူလန့်ပြီး တုန်တက်သွားခဲ့၏။ တို့လိုက်သောသူအားကြည့်ရန် ခေါင်းလှည့်လိုက်သောအခါ ခဲသားဘောပင်ကိုကိုင်ထားသော ဂျောင်ဂျီဖီလ်အား တွေ့လိုက်ရသည်။ ပုံမှန် သူ့ကိုဂျောင်ဂျီဖီလ် တစ်ခုခုပြောချင်ပါက ခဲသားဘောပင်၏ ခဲဖျက်ပါသောအောက်ခြေနှင့်တို့ကာ ပြောလေ့ရှိ၏။ သို့သော် ယနေ့တွင်မူ ထိပ်ဘက်ရှိ ခဲသားအချွန်ဖြင့်တို့လာသောကြောင့် သူလန့်သွားခဲ့ရခြင်းဖြစ်သည်။

စိတ်တိုနေသောမျက်နှာထားဖြင့် ဂီယောင်ဟွန်းလှည့်ကြည့်လိုက်သောအခါ မှတ်စုစာအုပ်တစ်အုပ်ပေါ်၌

[တော့ပုကီ .. အိုကေ?] ဟု ရေးသားထားခဲ့၏။

သူ "အိုကေ"ဟု ပြန်စာရေးလိုက်ပြီးနောက် မှတ်စုစာအုပ်လေးက နောက်တန်းနှင့် ဘေးတန်းများ၌ လက်မလည်အောင် ကူးလူးနေသံကို သူကြားလိုက်ရသည်။ သူတို့တင်မကဘဲ အခြားကျောင်းသားများလည်း စာပေးစာယူများလုပ်နေခဲ့ကြပေသည်။

သိပ်မကြာခင်၌ ညစာစားချိန်ရောက်ပြီဖြစ်ကြောင်း အသိပေးသည့်ဘဲလ်သံက မြည်ဟီးလာခဲ့၏။ ဂျောင်ဂျီဖီလ်က ခြင်္သေ့ တစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ ကျယ်လောင်စွာအော်ဟစ်လာသည်။

ဇီးချိုသီး ချိုမြမြအချစ် (ဘာသာပြန်)Where stories live. Discover now