Chapter - 3

374 69 2
                                    

[Unicode Version]

" ဟေ့ကောင် ဂီယောင်ဟွန်း! ထမင်းသွားစားမယ်လေ "

ခေါ်လိုက်သည့်သူမှာ သူနှင့် မူလတန်းထဲကရင်းနှီးသော သူငယ်ချင်းအရင်း ဂျောင်ဂျီဖီလ် ဖြစ်၏။ သူ့ကို 'ဖီးလ်(Feel)' ဟု နာမည်ပြောင်ခေါ်ကြသော်လည်း ထိုနာမည်ပြောင်အားမခေါ်သည့် တစ်ဦးထဲသောသူမှာ ဂီယောင်ဟွန်းဖြစ်သဖြင့် ဂျောင်ဂျီဖီလ်ကလည်း သူ့ကိုအထူးသဘောကျသည်။ အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်လည်း ထိုအပေါစားနာမည်ပြောင်အား သူ့သူငယ်ချင်းကို မခေါ်ချင်ပါ။

'ငါ့အဖေနဲ့အမေ အမြတ်တနိုးပေးထားတဲ့နာမည်ကို ဘာလို့အဲ့လိုလာခေါ်နေတာလဲ!' ဟု ဂျောင်ဂျီဖီလ် ပြောလေ့ရှိတဲ့အခါ ခိုးခိုးခစ်ခစ်ဖြင့် လှောင်ပြောင်ကြသည့် သူများကို စိတ်ရှုပ်ခြင်းကြောင့်ဖြစ်သည်။

နေ့လည်စာစားချိန်ပင်ရောက်နေမှန်းသိတော့ သူနိုးလာခဲ့သည်။ အတန်းထဲရှိ လေအေးပေးစက်က မနေ့ကထက်စာလျှင်တော့ ပိုအေးနေသည်။ သို့သော် ကော်ရစ်တာကိုထွက်လျှင်တော့ သေအောင်ပူနေလောက်မှာ အတိအကျပင်။ 'ထမင်းစားရမှာပျင်းလိုက်တာ တံခါးဖွင့်လိုက်တာနဲ့ အစားအသောက်တန်းဆီကို ရောက်သွားရင်ကောင်းမယ်' ဟု ကိုးရိုးကားရားနိုင်စွာ သူတွေးလိုက်မိသည်။

စာသင်ခန်း၏နောက်တန်း၌ထိုင်နေသော
ဂီယောင်ဟွန်းက အနောက်တံခါးမှ ထွက်လာရင်း အခြားကျောင်းသားများကို အသားလွတ်ခြိမ်းခြောက်နေကြသော အပြင်ရှိ လူတစ်အုပ်ကိုကြည့်လိုက်မိ၏။ ထို့နောက် ၎င်းလူအုပ်၏ အလယ်၌ တိတ်ဆိတ်စွာနားထောင်နေသော အင်ဒယ်ဟန်နှင့် မျက်လုံးချင်းဆုံသွားခဲ့သည်။

ဂီယောင်ဟွန်း : " ... "

အင်ဒယ်ဟန် : " ... "

သူ့ဘက်ကအရင် အင်ဒယ်ဟန်၏ အကြည့်အား ရှောင်လွှဲလိုက်မိသည်။ လက်တွေကို ရှေ့သို့ပို့လိုက်ရင်း ကြောင်ရပ်နေမိကာ 'ငါတို့က ဘာကိစ္စအကြည့်ချင်းဆုံရမှာလဲ?' ဟုလည်း တွေးလိုက်မိ၏။

အမှန်တော့ ပြီးခဲ့သည့်ညက အင်ဒယ်ဟန်က သူ့အား မက်ဆေ့ချ်ပို့လာသည်။ အိမ်ပြန်လိုက်ပို့ပေးရမလားဟုတောင် မေးလာခဲ့၏။ ဒါပေမယ့် အင်ဒယ်ဟန်အား သူ့အိမ်လိပ်စာကိုမသိစေချင်တာကြောင့် တစ်ယောက်ထဲပြန်မည်ဟုသာ ပြောခဲ့သည်။ ကံကောင်းစွာနဲ့ဘဲ အင်ဒယ်ဟန်က ပြန်ခွင့်ပြုခဲ့သည်။ သို့သော် သူ အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ မက်ဆေ့ချ်သုံးခုကို ဆယ်မိနစ်သာခြားပြီး ပို့လာခဲ့သည်။

ဇီးချိုသီး ချိုမြမြအချစ် (ဘာသာပြန်)Where stories live. Discover now