Chapter - 7

233 51 0
                                    

[Unicode]

ကျောင်းရောက်ရောက်ချင်းမှာတင် အင်ဒယ်ဟန်က အိပ်ပျော်သွားခဲ့သည်။ မက်မွန်သီးပုံ လက်မောင်းခုခေါင်းအုံးအားဖက်ထားရင်း ကြွက်သေတစ်ကောင်ကဲ့သို့ အိပ်မောကျနေလျက် မနက်ခင်းအား ကုန်ဆုံးစေခဲ့၏။

တစ်ခါတစ်ရံ၌ ဘောင်းဘီအားခပ်ကြပ်ကြပ်ဝတ်ဆင်ထားကြသော သူ့သူငယ်ချင်းယောကျာ်းလေးများကရောက်လာပြီး "ဒယ်ဟန်ရေ... ဒယ်ဟန်ရေ" ဟုချစ်စရာကောင်းအောင် ခေါ်တတ်ကြပြီး စကပ်တိုတိုဖြင့်မိတ်ကပ်ထူထူလိမ်းခြယ်ထားကြသော မိန်းကလေးသူငယ်ချင်းများကမူ " ဟဲ့! အင်ဒယ်ဟန် " ဟု ဘုဆတ်ဆတ် လာခေါ်တတ်ကြလေသည်။ အင်ဒယ်ဟန်က တစ်ခါနှစ်ခါမျှသာ အရေးပြန်လုပ်တတ်ပြီး ဆက်လက်ကာ အိပ်စက်နေခဲ့၏။

ယနေ့ ကျောင်းသို့အစောကြီးလာခဲ့ရသည့်အတွက် ပင်ပန်းနေပုံရသည်။ အတန်းဝင်သည့်ဆရာတစ်ယောက်ချင်းစီတိုင်းကတောင် အနှီသူအားနှိုးရန် စကားတစ်ခွန်းမဆိုခဲ့ချေ။ အင်ဒယ်ဟန်ဟာ အတန်းထဲ၌ အရှင်လတ်လတ်ကြီး ရှိနေပါသော်ငြား သူ့အား ရှိလေသည်ဟုပင် သဘောမထားပဲ ပျက်ကွက်မဲ့သူတစ်ယောက်ကဲ့သို့ ဆက်ဆံကြလေသည်။

အင်ဒယ်ဟန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေစဉ် ဂီယောင်ဟွန်းကမူ သာမန်နေ့ရက်တစ်ရက်နှင့်မခြားနားစွာ ဖြတ်သန်းနေလေ၏။ သင်ခန်းစာများအား နားထောင်ရင်း ၊ ဆရာနှင့် ဂျောင်ဂျီဖီလ်ပြောသည့်ပြက်လုံးများအား ရယ်မောရင်းနှင့်ပင်။

စာသင်ချိန်တစ်ခုနှင့်တစ်ခုကြားရှိ နားချိန်လေး၌ ဂိမ်းနှင့်ဘောလုံးပွဲအကြောင်းများကို အားကြိုးမာန်တက်ပြောဆိုနေကြသည့် အတန်းသားများ၏စကားကို နားစွင့်ရင်း ဒယ်ဟန့်ခုံဆီသို့ တစ်ချက်ချောင်းကြည့်လိုက်မိ၏။

ဒယ်ဟန့်စားပွဲခုံအား လေးငါးကြိမ်ခန့် ခိုးကြည့်ပြီးနောက် ဂျောင်ဂျီဖီလ်က ထူးဆန်းသည့်မျက်နှာအမူအရာဖြင့်ပြောလာသည်။

" ဟေ့ကောင် မင်း ဘာလုပ်နေတာလဲ? "

ဂိမ်းအကြောင်းတွေပြောနေရင်း ပြူးကျယ်နေသောမျက်လုံးများဖြင့် သူ့အား စိုက်ကြည့်လာ၏။

ဇီးချိုသီး ချိုမြမြအချစ် (ဘာသာပြန်)Where stories live. Discover now