Chapter - 11

311 51 1
                                    

[Unicode]

" ဒီနေ့ကစပြီး နေ့တိုင်း ကျောင်းမှာပဲရှိနေတော့မယ် "

" ညပိုင်း စာကြည့်ချိန်မှာပါ ရှိနေမလို့လား? "

" အင်း "

ဒယ်ဟန့်လက်ထဲ၌ လေ့ကျင့်ခန်းစာအုပ်တစ်အုပ်အား ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ အမှန်တိုင်းပြောရလျှင် အင်ဒယ်ဟန်က ကျောင်းကို လွယ်အိတ်သယ်လာတာမျိုး သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယနေ့တောင် လွယ်အိတ်ပါမလာခဲ့ချေ၊ သို့သော် လေ့ကျင့်ခန်းစာအုပ်ကိုတော့ အတူသယ်လာကြောင်း သူ သတိထားမိခဲ့၏။
ဤသည်မှာ ဧရာမတိုးတက်ပြောင်းလဲမှုကြီးပင်။

" ဒါ "

အင်ဒယ်ဟန်က အိတ်ကပ်ထဲသို့ လက်နှိုက်ရင်း အအေးဘူးကိုထုတ်ကာ ကမ်းပေးလာ၏။ ၎င်းအအေးဘူးသည် လေးထောင့်ကတ်တစ်ပါကင် ပုံစံဖြင့်လာသော အအေးဘူးမျိုးဖြစ်လေရာ ဂီယောင်ဟွန်းက လက်ခံရန် တုံ့ဆိုင်းလို့နေလေသည်။

ဒယ်ဟန်က ယင်းကဲ့သို့အရာများ လုပ်ပေးရတာကို ဘယ်သောအခါကမှ မရပ်တန့်ခဲ့သလို ငြီးလည်းမငြီးငွေ့ခဲ့ပေ။ သို့သော် ဆန့်ကျင်ဘက်အနေနှင့် မိမိက သူ့အား တစ်စုံတစ်ခုဝယ်ပေးရန် ကြံရွယ်လိုက်တိုင်း ဒယ်ဟန်က တစ်ခုတစ်လေတောင်လက်မခံဘဲ ငြင်းနေကျဖြစ်သည်။ ဂီယောင်ဟွန်းဘက်က အအေးဘူးကို ငြင်းဆန်ရန်ကြိုးစားသည့်အခါတိုင်း အနှီသူက မျက်လုံးကြီးပြူးကာ ဒေါသထွက်နေသည့်ပုံစံဖြင့် ကြည့်လာသောကြောင့် သူ့၌ လက်ခံရန်ကလွဲပြီး အခြားရွေးချယ်စရာမရှိပါတော့ချေ။

ထို့နောက် ထုံးစံအတိုင်း ဒယ်ဟန်က သူ့ပခုံးအားလာပုတ်ကာ အလန့်တကြားဖြစ်အောင် လုပ်လေသည်။

" အာ့! "

ဂီယောင်ဟွန်းက အာမေဍိတ်သံတစ်သံပြုလိုက်မိပြီး တစ်ဆက်တည်းမှာပင် ချော်လဲတော့မယောင် ရှေ့သို့ယိုင်ထိုးသွားရသဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်မိသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဒယ်ဟန်က သူ့လွယ်အိတ်ကြိုးကို လှမ်းဆွဲပေးထားပြီး မတ်မတ်ပြန်ရပ်နိုင်အောင် ကူညီပေးလာ၏။

" မင်း ဘာလို့အဲ့လောက် အားမရှိဖြစ်နေတာလဲ? "

ဘယ့်နှယ့်လို့ သူက အားနည်းတယ်ဖြစ်ရပါသနည်း? အင်ဒယ်ဟန်ကသာ မဟားတရားသန်မာထွားကျိုင်းနေတာ မဟုတ်ပေလော?

ဇီးချိုသီး ချိုမြမြအချစ် (ဘာသာပြန်)Where stories live. Discover now