Chapter - 5

281 51 1
                                    

[Unicode Version]

အားလုံးပြီးသွားလို့ သူထွက်လာတော့ ဒယ်ဟန်က ကျောင်း၏အနောက်တံခါး၌ မတ်တပ်ရပ်နေခဲ့သည်။

"...."

"...."

စီးကရက်နံ့များက သူသွားလေရာနောက် စွဲကပ်လို့နေသည်။ ဒယ်ဟန်က ခြေထောက်ကို ကြက်ခြေခတ်ပုံစံယှက်ထားပြီး သူ့ကိုကြည့်လာသည်။

ဂီယောင်ဟွန်း မသိချင်ယောင်ဆောင်ရင်း ဘေးမှဖြတ်လျှောက်လာခဲ့သည်။ သို့သော် အင်ဒယ်ဟန်ကတော့ သူ့အနောက်မှနေ၍ တိတ်တိတ်လေးလိုက်လာခဲ့၏။

ကျောင်းအနောက်ဘက်တွင် စာရေးကိရိယာစတိုးဆိုင်ငယ်လေးများ အနည်းငယ်ရှိပြီး ကျန်တာကတော့ မြွေလိမ်မြွေကောက်ပုံစံလမ်းကျဉ်းကျဉ်းထဲမှ ဗီလာများသာဖြစ်သည်။

ဤအနောက်ဘက်ခြမ်းသည် ဆင်ခြေဖုံးနေရာတစ်ခုဖြစ်သောကြောင့် လမ်းမကြီးဆီသို့ရောက်ရန် သူသည်နေရာမှဖြတ်သွားရပေမည်။

ဒီအနီးအနားတစ်ဝိုက်၌ ကားများသွားလာရန် ခက်ခဲသည်။ ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးသွားသည့် ၁၀နာရီဝန်းကျင်၌ လူများများစားစားတောင်မရှိတော့ချေ။

ထို့ကြောင့် သူ ဒီနေရာ၌ အနိုင်ကျင့်ခံရလောက်သည်မှာ သဘာဝကျ၏။ လမ်းမီးများထိန်လင်းနေသော်လည်း သူစိုးရိမ်နေဆဲပင်။

စီစီတီဗီတွေက အလုပ်ကောင်းကောင်းလုပ်ရဲ့လား?

ဒယ်ဟန့်ဘေးနားရှိနေချိန်ဆို ပြစ်မှု ကာကွယ်တားဆီးရေးနည်းလမ်းတွေကိုတောင် သူပိုပြီး အာရုံစိုက်မိလာသလိုလိုပင်။

သူ့ကိုမြင်တဲ့အချိန် ပင့်တက်သွားသော အင်ဒယ်ဟန့်မျက်လုံးများနှင့် နီရဲတက်လာသည့် နားရွက်ဖျားတွေကို ဂီယောင်ဟွန်းကိုယ်တိုင် မျက်မြင်တွေ့ပြီးတာတောင် သူအခုထိ ဒယ်ဟန့်ကိုသံသယရှိနေဆဲဖြစ်သည်။ ထိုသူသည် သူ့အား xxxတံဆိပ်ဘူးတွေနှင့် အအေးလည်း ပေးခဲ့သလို၊ ရေခဲမုန့်တောင်ဝယ်ကျွေးဖူးသည် မဟုတ်လား။

အစကတော့ အင်ဒယ်ဟန်သူ့ကို အစားအသောက်နှင့်မျှားနေတာ ဖြစ်နိုင်သည်ဟု ဂီယောင်ဟွန်း တွေးခဲ့ဖူးသည်။

ဇီးချိုသီး ချိုမြမြအချစ် (ဘာသာပြန်)Where stories live. Discover now