Chapter - 12

338 44 0
                                    

[Unicode]

စာမေးပွဲနီးလာသည်နှင့်အမျှ အတိုင်းအတာတစ်ခုအထိ အရည်အချင်းစစ် စာမေးပွဲစစ်ပြီးသွားကြသော အနုပညာနှင့် ကာယအတန်းချိန်များအား ကိုယ်ပိုင်စာကြည့်ချိန်အဖြစ် အစားထိုးပေးခဲ့သည်။ လေအေးပေးစက်မှတိုက်ခတ်သော အေးမြသည့် လေပြည်လေညင်းလေးများအောက်၌ ကျောင်းသားကျောင်းသူများသည် စာကြည့်သူကကြည့်၊ ဖုန်းကစားနေသူက ကစားဖြင့် နေ့လည်စာစားချိန်ရောက်ရန်ကိုသာ အသီးသီးစောင့်ဆိုင်းနေကြ၏။

သူ့ဘေး၌ထိုင်နေသော အင်ဒယ်ဟန်က ယပ်တောင်တစ်ချောင်းကို သူရှိရာဘက်သို့ ညင်ညင်သာသာဖြင့် ဝှေ့ယမ်းလာလေသည်။

ဂီယောင်ဟွန်းထိုင်ခုံက လေအေးပေးစက်ရှိသော မျက်နှာကျက်အောက်တည့်တည့်၌ ဖြစ်သည့်အတွက် သူ့အား လူလည်ကျသည်ဟု အများက ဝိုင်းဝန်းပြောကြလေသည်။ သူ မသိချင်ယောင်ဆောင်ကာ အကြည့်လွှဲလိုက်ရင်း မေးခွန်းလွှာပေါ်၌သာ အာရုံစုစည်းထားလိုက်၏။

" ငါ စာမလုပ်နိုင်တော့ဘူး "

အင်ဒယ်ဟန်က တီးတိုးရေရွတ်လာလေ၏။

ဂီယောင်ဟွန်းက ဖော်ရွေဟန်ဆောင်ကာ မျက်လုံးများကိုပင့်တင်ပြီးနောက် စိတ်အာရုံအလုံးစုံအား မေးခွန်းထံ၌ ပြန်လည်ပို့လွှတ်လိုက်လေသည်။

သူ Silla နိုင်ငံခြားရေးမူဝါဒအကြောင်းစာပိုဒ်အား ဆက်လက်ဖတ်ရှုနေရင်း အင်ဒယ်ဟန်ကိုလည်း မသိမသာဆက်တိုက်ချောင်းကြည့်မိ၏။ ဒယ်ဟန်က လက်ပေါ်၌ရှိသောယပ်တောင်ကို မေးစေ့ဖြင့် ခေတ္တမျှခါယမ်းဆော့ကစားပြီးနောက် ခန္ဓာကိုယ်ကို ရှေ့သို့ပြန်လှည့်လိုက်၏။

အင်ဒယ်ဟန် စာလုပ်လားမလုပ်လားဆိုတာကို သူတောက်လျှောက်အကဲခတ်ခဲ့သည့် ရလဒ်အရ အနှီသူဟာ တစ်စက္ကန့်မျှပင် စာမလုပ်ခဲ့ပါချေ။ စာလုပ်မလိုလိုနှင့် ကောက်ကာငင်ကာ ခုံအပြောင်းအရွှေ့များလုပ်ပြီးကာမှ မက်မွန်သီးပုံစံ လက်မောင်းခု ခေါင်းအုံးကြီးအား သယ်ချလာပြီး နောက်ဆုံးမူ အိပ်စက်ခြင်းစခန်းကိုသာဆိုက်လေတော့သည်။

သို့ဖြစ်၍ ဂီယောင်ဟွန်းက မိမိအားမနက်ပိုင်းများတွင် လာမကြိုတော့ရန်နားချသော်လည်း အင်ဒယ်ဟန်ကတော့ နားထောင်ဟန်ပင်မဆောင်ခဲ့ပေ။

ဇီးချိုသီး ချိုမြမြအချစ် (ဘာသာပြန်)Where stories live. Discover now