Unicode
အပိုင်း ၂
"morning daddy morning mommy
မေမေတို့ သမီးချောလေး ဒေါ်နှင်းရူပါဦးမထသေးဘူးလား"
ထိုစဥ်
"ကိုကြီးရေ ကိုကြီး မီးအတင်း ဘာတွေတုပ်နေတာလဲ"
လူအရင်မမြင်ရ အသံအရင်ကြားရတဲ့ အိမ်ရဲ့ဆည်းလည်းလေး။
"အမလေး မတုပ်ရပါဘူးဗျာ ဒါနဲ့ ညီမလေး
ကိုကြီးမနေ့က နှင်းနဲ့ဖုန်းဆက်တယ် ညီမလေးကို သူ့ဆီမှာနေဖို့ အိမ်ကိုလာပြောမယ်တဲ့"
"မမက မီးကိုကြ ဘာမှမပြောသေးဘူး ကိုကြီး
မမကတအားကိုပဲ စိတ်ကောက်ပစ်လိုက်ဦးမယ်"
"ဟား ဟား ဟား သမီးလေးကတော့ကွာ တကယ့်ကလေးလေးအတိုင်းပဲ သမီးလေးမမနဲ့နေမာမလား...daddyတို့ကစိတ်ချတယ်"
ရှိန်းသီဟမောင်ကတော့
"ညီမလေး ကိုကြီးပြောမယ်နော် ဟိုရောက်ရင် နှင်းစကားနားထောင် ....ကိုကြီး ညီမလေးလိမ်မာတာကိုကြီးသိတယ်
တအားဂျစ်ပြီးမဆိုးနဲ့နော်
ကိုကြီးမဆူချင်ဘူးကြားလား"
"ဟုတ်ကိုကြီး"
ရူပါဟာ 16နှစ်သာရှိသေးတဲ့ ကလေးငယ်လေး။
သူ့ကိုကြီးအပေါ် ချစ်ကြောက်ရိုသေပြီး အလိုက်သိတဲ့ကောင်မလေး။
အလိုက်မသိလို့လည်းမရ၊ သူ့ကိုကြီးဒေါသကိုသူသိလို့ပင်။
ပုံမှန်ချိန်တွေ ချွဲရဲပေမယ့် ရှိန်း မျက်နှာတည်နဲ့ နှင်းရူပါဦးလို့ခေါ်လိုက်ရင် ရူပါတို့သတိထားရပေသည်။
နောက်ဆုံးတော့ မမရှိရာ မတ္တရာ အထက(၁)ဆိုတဲ့ ကျောင်းတော်ကြီးမှာ ရူပါတို့ ပြောင်းရွှေ့ရတော့မည်။
ရူပါတို့ရဲ့အိမ်က မန္တလေးမြို့ပေါ်မှာဖြစ်တယ်။
မန္တလေးနဲ့ မတ္တရာဆိုတာနီးနီးလေးပင် ။
မမရှိတဲ့မတ္တရာမြို့လေးကို ရူပါ သိပ်ချစ်ပါသည်။
ဒီလိုနဲ့ အချိန်တွေကုန်လာ....
စနေနေ့ကိုရောက်တဲ့အခါမှာ နှင်းတစ်ယောက် မန္တလေးမြို့ကို သူ့ရဲ့ကားလေးနဲ့ တစ်ယောက်တည်း မောင်းနှင်လာလေသည်။
YOU ARE READING
ခိုနားရာ❤ (Completed)
Romance#punishment type #Both Uni&Zawgyi #Myanmar BL& GL #ဖတ်ကြည့်ပါ တစ်ခုခုတော့ ကျန်မာပါ #ဟဲဟဲ
