အပိုင်း ၂၆
ဥသြငှက်ကလေးတို့ရဲ့သာယာကြည်နူးဖွယ်အသံကား မန္တလေးပညာရေးကောလိပ်အတွင်းဝယ် ကြားရသည်။နွေဦးမို့ထင်ပါရဲ့ သစ်ရွက်တို့ ကြွေကျမြေခနေသည်။ သီဟဆောင်ရှေ့က ဗန်ဒါပင်ကြီးမှ သစ်ရွက်ဝါတို့သည်လည်း ကြွေကျကာ ရွက်သစ်များပင်ဝေနေသည်။ စိန်ပန်းနီနီတို့ကြွေကျပုံကလည်း လှပလွန်းလှသည်။
စာမေးပွဲကြီးဖြေရန် 2ရက်သာလိုတော့သည်။ စာမေးပွဲအတွက် နိုင်းနိုင်းရင်မခုန်မိ။
စာမေးပွဲပြီးပါက ရောက်ရှိလာမည့် သူ၏မွေးနေ့ကိုသာ ရင်ခုန်မိသည်။
အဲ့နေ့ကြ ကိုနန္ဒဆီသွားရမလား၊ကိုကို့ဆီသွားရမလားကို သူမဝေခွဲတတ်။
ကိုကို့ကိုသူသိပ်ချစ်ပါသည်။ ကိုနန္ဒဆီကို သူမသွားချင်။သို့သော်သူမသွားပါက ကိုကို့ဂုဏ်သိက္ခာကို အရှက်ခွဲမည်ဟု ခြိမ်းခြောက်ထားသောကြောင့် သူဝေခွဲမရဖြစ်နေ၏။
နိုင်းနိုင်း တွေးနေစဥ် ရူပါရောက်ချလာသည်။"ဟိတ်နိုင်းနိုင်း စာမေးပွဲဖြေပြီးတဲ့နေ့ Water Partyလုပ်မာတဲ့ အိမ်တန်းမပြန်နဲ့နော်"
"ငါပြန်လိုက်မယ်လေ အဲ့နောက်နေ့ကြ ငါ့မွေးနေ့ကြ ငါလုပ်စရာရှိသေးတာနင်သိတယ်မလား"
"နိုင်းနိုင်းကလည်း ငါတို့ပျော်ကြမယ်လို့"
"ရူပါရယ် ငါပျော်ကိုမပျော်နိုင်ပါဘူးဟာ ကိုကိုပစ်ထားတဲ့ဘဝကြီးကိုစိတ်ညစ်လိုက်တာ၊ဒါနဲ့နင်ကထိုင်လေဟာ မတ်တပ်ရပ်မနေနဲ့"
"အာ့..."
ရူပါ ခုံပေါ်ထိုင်လိုက်သည်နှင့် ဟန်မဆောင်နိုင်လောက်အောင် နာလွန်းသဖြင့် အော်မိလိုက်သည်။
"ဘာဖြစ်တာလဲ..."
"အာ မမလေ မမ မညှာမတာတွယ်ထားတာ၊
အားသွင်းကြိုးနှစ်ခေါက်ခေါက်ပြီး အချက်50ရိုက်တာ"စာမေးပွဲနီးနေပြီကို စာမလုပ်ဘဲ ဖုန်းကြည့်နေခြင်းကြောင့် ရူပါအရိုက်ခံရခြင်းဖြစ်၏။ နှင်းက စာနှင့်ပတ်သက်လျှင်မရ။ စည်းကမ်းကြီးသည်။ တိကျပြတ်သားသည်။
"ကိုကို့ဆီက အရိုက်မခံရ အဆူမခံရတာတောင်ကြာပြီဟာ၊ဆူလိုက်ရိုက်လိုက်တာကမှ ငါခံသာဦးမယ်
အခုလို ဥပေက္ခာပြုထားတာကြီးကို ငါကြောက်တယ်"
![](https://img.wattpad.com/cover/330776909-288-k547093.jpg)
YOU ARE READING
ခိုနားရာ❤ (Completed)
Romance#punishment type #Both Uni&Zawgyi #Myanmar BL& GL #ဖတ်ကြည့်ပါ တစ်ခုခုတော့ ကျန်မာပါ #ဟဲဟဲ