အပိုင်း ၃၀
"ကိုကိုဇော် မမကိုပြန်မတိုင်ပါနဲ့နော်...နှင်းက သူငယ်ချင်းတွေခေါ်လို့လိုက်သွားတာပါ...."
ဇော့်နောက်သို့ တကောက်ကောက်လိုက်ကာ ချွဲနေသူမှာ နှင်းရူပါဦးဖြစ်သည်။
နောက်ဆုံးနှစ်ကျောင်းသားဖြစ်သည့်ဇော်က ဆရာကြီးဆရာမကြီးများနှင့် အတော်ရင်းနှီးနေပြီဖြစ်ပါသည်။
အတန်းလစ်ကာ လျောက်သွားနေသော နှင်းရူပါဦးတစ်ယောက် Roll Callမပြည့်သဖြင့် ဇော့်အသိဆရာမက ဇော့်အားပြောလေသည်။"နှင်းရူပါဦး နင်သွားချင်ရင် ကျောင်းပိတ်တဲ့ရက်သွားလေ....ဘာကိစ္စ ကျောင်းချိန်တွေမှာ အတန်းလစ်နေတာလဲ....အခုRoll Callပြည့်လားပြော"
"ကိုကိုဇော် ညီမလေးတောင်းပန်ပါတယ်နော်....နောက်ဆုံးအခွင့်အရေးလေးပေးပါဦး"
"ငါ့ကိုဘာမှလာမပြောနဲ့... ငါဖုန်းဆက်မှာ..."
"ရား...စိတ်ပုတ်တာဗျာ အဲ့တာကြောင့် အခုထိ ရည်းစားမရှိနေတာ..."
နှင်းရူပါဦး ဇော့်ကိုကပ်ကပ်လန်အောင်ရန်တွေ့ပစ်လိုက်သည်။
"အေး တွေ့မယ်...."
ဇော် တီချယ် နှင်းခတ္တာဝေဆီ ဖုန်းဆက်လိုက်လေသည်။
"Hello ဇော်..."
ဇော် တီချယ်နှင်းအား အကုန်ပြောပြလိုက်သည်။
".........."
"နှင်းရူပါဦးဘေးမာရှိတယ်မလား...speakerဖွင့်လိုက်ဇော်"
"....."
"နှင်းရူပါဦး!!!!ဘာအချိုးချိုးတာလဲ....ဇော့်ကိုလည်းဘာလို့ကပ်ကပ်လန်ခံပြောနေတာလဲ...."
"...."
ဇော် သူရှေ့က သူ့ညီမအားကြည့်ကာ ခေါင်းယမ်းမိလိုက်သည်။
စောနာက သူ့အားကပ်ကပ်လန်ခံပြောသောပုံစံနှင့် လားလားမျှမသက်ဆိုင်။
နှုတ်ခမ်းကိုက်ကာ ငိုနေလေသည်။"အေး ဒီအပတ်ပိတ်ရက် ငါလာကြိုမာ...တွေ့မယ်..."
..............."ကလေးတို့ရေ ငါးကလေးတွေမြင်ဖူးကြလား...."
"ဟုတ် မြင်ဖူးပါတယ်ဆရာလေး...."
"ဟုတ်ပြီ... အဲ့ငါးကလေးတွေက ဘာနဲ့အသက်ရှူတယ်ထင်လဲ...."
![](https://img.wattpad.com/cover/330776909-288-k547093.jpg)
YOU ARE READING
ခိုနားရာ❤ (Completed)
Roman d'amour#punishment type #Both Uni&Zawgyi #Myanmar BL& GL #ဖတ်ကြည့်ပါ တစ်ခုခုတော့ ကျန်မာပါ #ဟဲဟဲ