အပိုင်း 24

3K 115 32
                                        

အပိုင်း ၂၄

တိတ်ဆိတ်နေသော မနက်စာစားချိန်။

တိမ်လေးမှ အသံစတင်ပြုလိုက်သည်။

"ဦးဦး သားအားရင် နောက်လည်း အလည်လာခဲ့မယ်နော်"

"ommomm၊တိမ်လေး လိမ်လိမ်မာမာနေနော်"

ထမင်းစားနေကြစဥ် နိုင်းနိုင်းဖုန်းမြည်လာသည်။

နိုင်းနိုင်း ဖုန်းအားတစ်ချက်ကြည့်လိုက်သည်။

ထို့နောက်Silentလုပ်ပြီး ဖုန်းအား ပြန်သိမ်းလိုက်၏။

ကိုကို့ဆီမှ အကြည့်တစ်ချက်ရောက်ချလာသည်။

"ဖုန်းစိမ်းမို့လို့ မကိုင်လိုက်တာ ကိုကို"

နိုင်းနိုင်း ကိုကို့အား ချက်ချင်းပြောလိုက်သည်။

မနက်စာစားပြီးနောက် ရူပါ သူ့ကိုယ်ပိုင်ပန်းခင်းထဲသို့ ဂေါ်အသေးတစ်ချောင်းယူကာ ဝင်သွားလိုက်သည်။

"ပန်းလေးတွေ အများကြီးလှပစွာပွင့်ပေးကြပါနော်"

"ဟုတ်ကဲ့ရှင့်... "

"အယ် မမ ဘယ်တုန်းကရောက်နေတာလဲ"

"မမလည်း ပန်းလေးတွေအလှခံစားချင်လို့ စောနာကမှရောက်တာ"

ရူပါ ဂေါ်အသေးလေးအား ကိုင်ပြီး နှင်းဆီပင်များအား ပေါင်းဆွပေးနေလိုက်သည်။

မြေဆီသြဇာများ နောက်အပတ်ကြ ကျွေးမည်ဟုတွေးလိုက်သည်။

"မမ မမကြိုက်ရဲ့လားဟင် ၊ဒီပန်းခင်းကြီးက မမအတွက် Babeကိုယ်တိုင်စိုက်ထားတာ"

"ကြိုက်တယ်ဆိုတာထက် မြတ်နိုးတယ်ချစ်တယ်တန်ဖိုးထားတယ်babe"

"လာမမ Babeပန်ပေးမယ်"

ရူပါ နှင်းဆီအနီရောင်တစ်ပွင့်အား ခူးကာ သူ့မမအားပန်ပေးလိုက်သည်။

"မမရယ် သိပ်ချစ်ဖို့ကောင်းတာပဲ"

"ဟင် ဟုတ်လား မမအိုနေပြီမလား"

"မအိုရပါဘူးဗျာ Babeရဲ့ မမက အမြဲချစ်ဖို့ကောင်း"

နေ့လည်ရောက်သော် နှင်းအပါအဝင် နိုင်းနိုင်း၊စွမ်းထက်နှင့် ရူပါတို့အား ကျောင်းသို့ရှိန်းပြန်ပို့လိုက်သည်။

ခိုနားရာ❤ (Completed) Where stories live. Discover now