အပိုင်း ၂၅
"မမ Babeကို ပုံရိုက်ပေးပါဦး"
ရူပါ နှင်းအား ဖုန်းကိုအတင်းပေးလိုက်သည်။
ဇော်ဂျီရုပ်ကလေးများ၊ယွန်းအုပ်ကလေးများနှင့်အတူ ရူပါ ဓာတ်ပုံရိုက်နေသည်။
ထို့နောက် သူ့မမရိုက်ပေးသော ဓာတ်ပုံများအားကြည့်ကာ
"နိုင်းနိုင်းတို့ကို လိုင်းပေါ်ကနေ ကြွားရမယ် ဟီးဟီး"
နှင်း သူ့ရှေ့မှ ပျော်ကာနေသော သူ့အသည်းနှလုံးလေး၏ခေါင်းအား ထိုးဖွလိုက်သည်။
သူ့ရှေ့မှ သူ့ကောင်မလေးသည် တစ်နေ့ထက်တစ်နေ့ပို၍ ချစ်ဖို့ကောင်းလှ၏။
"မမနဲ့ Babeတူတူရိုက်ထားတာလေးတွေပါ ပြရအောင် Babe"
"ဒါပေါ့မမရ ဟီး"
ထို့နောက် ရှိန်း၊နိုင်းနိုင်း၊စွမ်းထက်နှင့် တိမ်လေးတို့အတွက်လက်ဆောင်များဝယ်လိုက်သည်။
"မမနဲ့ ပထမဆုံးခရီးထွက်ရတာ အရမ်းပျော်တာပဲ"
"ဟုတ်ပ မမလည်းအရမ်းပျော်ပ"
ထိုစဥ် ရူပါဖေဖေနှင့်မေမေက
"လာလာ မိသားစုအဖွဲ့လိုက် ဓာတ်ပုံရိုက်ကြမယ် ဖေဖေတို့"
"ဟုတ်ကဲ့ ဖေဖေ"
နှင်း ရူပါလေးနှင့်သူ့အား လက်ခံပေးပြီး သူ့အား သမီးအရင်းလိုချစ်ပေးပါသောရူပါဖေဖေနှင့်မေမေအားကျေးဇူးတင်မိသည်။
....................
ရှိန်း နိုင်းနိုင်းဝေအား ပစ်ထားသည်မှာ 3ရက်ပင်ရှိနေပြီဖြစ်၏။ နန္ဒဆိုသည့် ဘဲကြီးနှင့် ရှိန်းအပြင်မှာတွေ့ကာ ရှင်းချင်မိသည်။အကြောင်းစုံအား ရှိန်းသိချင်သည်။ ကလေးငယ်ကိုအကြောင်းစုံမေးတော့လည်းမဖြေ။ ကလေးငယ်၏ပါးအားရိုက်မိသွားပြီး သူ့ရှေ့တွင် ရှိုက်ကြီးတငင်ငိုနေသော နိုင်းနိုင်းဝေ၏မျက်နှာအား ပြန်လည်မြင်ယောင်လာသည်။ရှိန်း သူ၏အချိန်များအား ဆေးရုံတွင် ကုန်ဆုံးလိုက်သည်။ နှင်းနှင့်ရူပါတို့အား ဘယ်လိုပြောပြရမလဲသူမသိ။
တစ်ဖက်တွင် "နိုင်းနိုင်း ရရဲ့လား ဆေးသောက်ရအောင် "
နေမကောင်းတာ 2ရက်ရှိနေပြီဖြစ်သော သူ့သူငယ်ချင်းနိုင်းနိုင်းအား စွမ်းထက်မေးလိုက်ခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/330776909-288-k547093.jpg)
YOU ARE READING
ခိုနားရာ❤ (Completed)
Romance#punishment type #Both Uni&Zawgyi #Myanmar BL& GL #ဖတ်ကြည့်ပါ တစ်ခုခုတော့ ကျန်မာပါ #ဟဲဟဲ