အပိုင်း 36

2.2K 111 12
                                    

အပိုင်း 36

အခန်းထဲတွင်ကျန်ခဲ့သော နှင်းတစ်ယောက် သူမ၏ မျက်ဝန်းမှမျက်ရည်တို့ အတားအဆီးမဲ့စွာကျလာသည်ကို သိလိုက်သည်။ မျက်ဝန်းမှမျက်ရည်တို့ကို လက်နှင့်အသာသုပ်လိုက်သည်။ ထို့နောက် သူမ၏တင်းတင်းစုပ်ထားသောညာဘက်လက်သီးလေးနဲ့ နံရံအားထိုးလိုက်သည်။ တစ်ကြိမ်နှစ်ကြိမ်မက ဆက်တိုက်ထိုးနေသည်။ ငိုလည်းငို လက်ကလည်းအဆက်မပြတ် နံရံအားထိုးနေသည်။ သူမ၏လက်မှာ ညို့မဲနေသည်။ ခဏအကြာတွင်  သူ့မျက်ရည်များအားသုပ်ကာ မန္တလေးပညာရေးကောလိပ်အတွင်းရှိ သူမအိပ်ဆောင်ကိုပြန်ရန်အခန်းပြင်သို့ထွက်လာသည်။နှင်း ရူပါအား အပြစ်ပေးပြီးတိုင်း after careလုပ်ပေးလေ့ရှိသည်။ ယခုမူ ပစ်ထားလိုက်မိသည်။
အခန်းအပြင်သို့ထွက်ထွက်ချင်း ရှိန်းနဲ့တွေ့လေသည်။

"ရှိန်း ငါကောလိပ်ပြန်တော့မယ်....မနက်ဖြန်လည်းဂျူတီရှိလို့.."

"ဒီမှာပဲအိပ်သွားလိုက်ပါ့လား....ဟင် နင့်လက်"

ရှိန်းစကားပြောနေရင်း နှင်းလက်က ဒဏ်ရာကိုမြင်လေသည်။

"ရတယ် ဘာမှပြုဘူး....ငါကဘယ်သန် ဘယ်လက်နဲ့စာရေးလို့ရတယ်..."

"အေးပါ ....ကားကမောင်းလို့အဆင်ပြေရဲ့လား..."

"ရတယ်..."

"အေးပါ ဂရုစိုက်သွားဦးနော်"

"အင်း ဒါနဲ့ ကလေးတွေကိုဂရုစိုက်ပေးပါဦး"

.............................
ရှိန်း ပထမဦးဆုံး နိုင်းနိုင်းဝေအခန်းကိုအရင်ဝင်လိုက်သည်။ကုတင်ပေါ်တွင် ကွေးကွေးလေးအိပ်ပျော်နေသောကောင်လေး။ ငိုထားလွန်းလို့မျက်နှာကလည်းပွလန်နေသည်။ ဒီကလေးလေး ကျောင်းဆရာဖြစ်လာတာ သူအခုထိမယုံနိုင်သေး။ ကလေးတွေရှေ့ရင့်ကျက်သလောက် သူ့အပေါ်ကိုဆို အမြဲတမ်း5နှစ်သားလေးလို ဆိုးသောဂျီကျသောကလေးလေး။
ရှိန်းကလေးခြေထောက်အား အသာလှန်လိုက်သည်။တချို့နေရောတွင် သွေးများထွက်နေပြီး တချို့နေရာမှာညို့မဲနေသည်။ ရှိန်း ဆေးဗူးအားယူကာ ဆေးလိမ်းပေးလိုက်သည်။

"အာ့..."

ဆေးလိမ်းပေးနေတုန်း လန့်နိုးလာသောကလေးအား

ခိုနားရာ❤ (Completed) Where stories live. Discover now