အပိုင်း 22

2.7K 110 26
                                        

အပိုင်း ၂၂

နှင်းတစ်ယောက် ကောလိပ်အနောက်ပေါက်နားက ဆိုင်းဘုတ်နားတွင်မတ်တပ်ရပ်ကာနေလေသည်။

အချိန်မှာ မနက်8ခွဲဖြစ်သောကြောင့် ကျောင်းတံခါးမှာမပိတ်သေးပေ။

မန္တလေးပညာရေးကောလိပ်ဟူသော ဆိုင်းဘုတ်နားတွင်စကားပင်ကြီးလည်းရှိပေသည်။

စကားပင်အောက်က နတ်မိမယ်ရပ်နေသလိုလိုပင် ထင်ရ၏။

အပေါ်မှ အဖြူရောင်ရင်ဖုံးလက်ရှည်နှင့် အပြာရောင်လုံချည်တို့ကို ဆင်မြန်းထားသောနှင်းသည်
ကျက်သရေရှိလှသည်။

သောကြာနေ့ဖြစ်သောကြောင့် ခဏနေလျှင် ခန်းမအတွင်းသို့ဝင်ရပေမည်။

ကျောင်းစုဝေးပွဲအခမ်းအနားသို့တက်ရောက်ရမည်ဖြစ်၏။

"ကြာလိုက်တာ အခုထိရောက်မလာသေးဘူးမသိ"

နှင်းတွေးနေစဥ်အချိန်မှာပင် ကားတစ်စီးရောက်ချလာလေသည်။

ကားပေါ်မှ အသက် 40ခန့်ရှိသော အမျိုးသားတစ်ဦးနှင့် အသက်25နှစ်အရွယ်ရှိသော အမျိုးသားတစ်ဦးဆင်းလာကြသည်။

ကိုတေဇ နှင်းမှာထားသော စာအုပ်အား နှင်းအားပေးလိုက်သည်။

ကိုတေဇသည် ထက်မြတ်သောယောကျ်ားတစ်ယောက်ဖြစ်၏။

နှင်း ပါရဂူဘွဲ့အတွက် လိုအပ်သောစာအုပ်များကိုလည်း ကိုတေဇက ကူညီကာရှာပေး၏။

ကိုတေဇနှင့် နှင်းစတင်ရင်းနှီးခဲ့သည်မှာ 2015လောက်ကဖြစ်၏။

ယခု 2018ပင်ရှိသောကြောင့် 3နှစ်တာခင်မင်ခဲ့ကြပြီဖြစ်၏။

Fake accများမှတစ်ဆင့် ခင်မင်ခဲ့ကြရာ အခုဆို အပြင်လောကမှာပါ ခင်မင်နေကြသည်။

အကိုတစ်ယောက်လိုနွေးထွေးပေးသောကိုတေဇနှင့် သူ၏သက်ဆိုင်ရာ အမျိုးသားလေးကောင်းကောင်းတို့မှာ Dom/Sub rsမှတစ်ဆင့် ယခုဆိုလျှင် Officialမှာပါ ချစ်သူများဖြစ်နေကြလေပြီ။

"အာ ​အားနာလိုက်တာ ညီမရယ် ကောင်းကောင်းနဲ့ ညီမဆီလာမတွေ့ခင်မှာ တစ်ပွဲတစ်လမ်းနွှဲလာရလို့ အကိုတို့နောက်ကျသွားတာ"

ခိုနားရာ❤ (Completed) Where stories live. Discover now