Extra❤

4.7K 117 22
                                        

Unicode ❤

"ကိုကို မြန်မြန်လုပ်......စွမ်းထက်ကကျောင်းမှာစောင့်နေတယ်တဲ့....."

"အေးပါ နိုင်းနိုင်းရယ် ကိုကို အဝတ်လေးလဲပီးရင်ပီးပါပြီ"

"ကိုကိုကလည်း အသက်ကြီးလာလေ...ပိုပြီးပဲများလာလေပဲ..."

"ဟော.....နိုင်းနိုင်းက အခုတော့ ကိုကို့ကိုငြိုငြင်နေပြီလား "

"ကိုကိုး....သားကိုမစနဲ့နော်...သားငိုမာဗျ.."

"ငိုပါနဲ့.....ငိုတဲ့ကလေးကို တုတ်မုန့်ကျွေးရတယ်တဲ့"

"ကိုကို!!!"

နိုင်းနိုင်းတို့ အမက (လယ်ပြင်ကြီး)ကျောင်းကို သွားပြီး ကလေးများအတွက် လိုအပ်တဲ့ပစ္စည်းများသွားရောက်လှူရန်ဖြစ်သည်။ နိုင်းနိုင်းက လှူဒါန်းနေရရင်ကို ပျော်သောကြောင့် ကိုကိုကလည်း အရာရာဖြည့်ဆည်းပေးသည်။ ကိုကိုနဲ့နိုင်းနိုင်း အိမ်ထောင်သက် 3နှစ်ပြည့်တော့မည်။ အိမ်ထောင်ပြုခဲ့တဲ့ 3နှစ်အတွင်း ကိုကိုက နိုင်းနိုင်းကို အများကြီးအလိုလိုက်ပြီး အများကြီးချစ်ပေးသည်။ နိုင်းနိုင်း ဆိုးလွန်းဂျစ်လွန်းရင်တော့ ကြက်မွှေးစာခဏခဏစားရသည်။
...............

အထက(၁) မတ္တရာ

နဝမတန်း (B)ခန်းအတန်းပိုင် ဒေါ်နှင်းရူပါဦး စာသင်ခန်းအတွင်းတွင် အဂ်လိပ်စာသင်ကြားနေသည်။ရူပါ ပညာရေးတက္ကသိုလ်ကနေ ဘွဲ့ယူပြီး မတ္တရာအထက(၁)မှာတာဝန်ကျလေသည်။ ရေစက်ကြောင့်ထင်ပါရဲ့ မမရဲ့ဇာတိမြို့လေးမှာ သူတာဝန်ထမ်းဆောင်ရသည်။ မမက အခုထိ ရူပါကို ကလေးလေးတစ်ယောက်လိုမြင်သည်။ ရူပါ ပညာရေးတက္ကသိုလ်ကနေ ဘွဲ့ယူတဲ့နေ့မှာ မမ မလာနိုင်။ ဘယ်နေ့ပြန်လာမာလဲမေးတော့လည်း surprise တဲ့။ ရူပါ မမအိမ်မာနေပြီး ကျောင်းအသွားအပြန်လုပ်ရသည်။ မမက သူ့အိမ်မှာနေရမည်ဆိုသော အမိန့်ကိုရူပါမလွန်ဆန်နိုင်။ တစ်ခါက ရူပါ မမကိုမပြောဘဲ သူငယ်ချင်းတွေနဲ့ အပြင်ထွက်မိသည့်အခါက မမကတော်တော်စိတ်ဆိုးသွားသည်။ အဝေးမှာရှိနေသောမမက သူ့ကိုVcနဲ့အပြစ်ပေးခဲ့သည်။ ရူပါခြေသလုံး သွေးစို့သည်အထိ self spankingလုပ်ခိုင်းခဲ့သည်။ ရူပါ ရဲ့အရှင်သခင်မ ဖြစ်တဲ့ မမနှင်းခတ္တာဝေ ပြန်လာမယ့်အချိန်ကို ရူပါမျှော်လင့်နေမိသည်။
...........................

ခိုနားရာ❤ (Completed) Where stories live. Discover now