Unicode
အပိုင်း ၇
ဖြန်း.
ဖြန်း.
ဖြန်း. ....အာ့
ဖြန်း ဖြန်း...ဟင့်
တိတ်ဆိတ်လှသော စာသင်ခန်းအတွင်းတွင် နှင်းခတ္တာဝေတစ်ယောက် အိမ်စာမလုပ်ခဲ့သည့်
နိုင်းနိုင်းဝေအား ရိုက်နေခြင်းပင်ဖြစ်၏။"သွား ကိုယ့်နေကို ပြန်သွားထိုင်တော့ နောက်နေ့
ပြန်စစ်ရင် ပြီးနေတာပဲ လိုချင်တယ်""ဟုတ်ကဲ့"
နိုင်းနိုင်းဝေကား ခေါင်းကြောမာသော ကလေးပင်။အခုလည်း သူ့ဖုန်းသိမ်းခံရသောကြောင့်
အရွဲ့တိုက်ပြီး သေချာစာမလုပ်ခြင်းဖြစ်သည်။
နောက်ဆုံးမှာ သူပင်အရိုက်ခံနေရပေသည်။ငိုမဲ့မဲ့မျက်နှာထားနဲ့အတန်းရဲ့နောက်ဆုံးသို့ သွားထိုင်လိုက်ပြီး
"အ နာလိုက်တာ ဒီလိုမှန်းသိ ဘောင်းဘီသုံးထည်လောက် ထပ်ဝတ်ခဲ့ပါတယ်ကွာ"
"ကဲရှေ့ကိုကြည့်မယ် တီချယ် ဒီနေ့ Bridges Poemသင်လိုက်မယ် အိမ်ကနေ ရအောင်ကျက်ခဲ့ကြနော်"
နှင်းစာသင်ပြီးနောက် ရူပါကို ရှေ့သို့ခေါ်လိုက်ပြီး ကိုယ့်ကိုကိုယ်မိတ်ဆက်စေသည်။
"အားလုံးပဲ ကျမနာမည်က နှင်းရူပါဦးပါ
မန္တလေးကနေ ကျောင်းပြောင်းလာတာပါ
ခင်မင်ပေးကြပါဦး"နှုတ်ဆက်ပြီးသည်နှင့် ရူပါလည်း ကိုယ့်နေရာကို ဝင်ထိုင်လိုက်သည်။
ရူပါမျက်လုံးဟာ နိုင်းနိုင်းဝေဘက်ကို လှမ်းကြည့်မိလိုက်သည်။
ခုံပေါ်တွင်မှောက်အိပ်နေသော နိုင်းနိုင်းဝေနှင့်
နိုင်းနိုင်းဝေကိုယ်ပေါ်တွင် လက်တင်ပြီး တစ်ခုခုပြောနေသော စွမ်းထက်နိုင်ကို တွေ့မိသည်။
သူ နိုင်းနိုင်းဝေအားသနားနေသည်။
ဟိုနေ့က သူ့မမဆီက သူအရိုက်ခံရသော အချိန်ကိုပင် ပြန်သတိရစေသည်။နေ့လည်ကျောင်းဆင်းသည့်အခါ နိုင်းနိုင်းဝေ၊
စွမ်းထက်နိုင်၊ နှင်းရူပါဦးတို့ သုံးယောက်သည် အိမ်သို့ လမ်းလျှောက်ကာ ပြန်လာကြလေသည်။
ကျောင်းနှင့်အိမ်မဝေးသောကြောင့် ခြေလျင်သာသွားကြသည်။

YOU ARE READING
ခိုနားရာ❤ (Completed)
Lãng mạn#punishment type #Both Uni&Zawgyi #Myanmar BL& GL #ဖတ်ကြည့်ပါ တစ်ခုခုတော့ ကျန်မာပါ #ဟဲဟဲ