Unicode
အပိုင်း ၄
ယခုအခြေအနေကား တိတ်ဆိတ်ငြိမ်သက်လျက်..
ကားပေါ်မှာကား ဒေါသတို့ကြောင့် ခက်ထန်နေသော မျက်နှာထားနဲ့ မိန်းမပျိုတစ်ဦးနှင့် သူ့ရဲ့မမအိမ်ရောက်လျှင် ဘယ်လိုရင်ဆိုင်ရမလဲ တွေးပြီး ကြံရာမရဖြစ်နေသော ကလေးငယ်တစ်ယောက်။
သူ့မမရဲ့ မျက်နှာဟာ ဒေါသထွက်နေလည်း လှမြဲလှဆဲပင်။ သူ့မမကိုကြည့်ပြီး သူတွေးမိနေပြန်သည်။
မမဟာသိပ်လှပြီး ကျက်သရေရှိလှပါသည်။
ကော့ညွတ်နေသော မျက်တောင်တို့ဟာ မမရဲ့ အလှတရားကိုပိုပြီးပေါ်လွင်စေပါသည်။
မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်းနဲ့ ရှည်လျားသော ဆံပင်များဟာ မမရဲ့အလှတရားများပင်။
ဒီလိုချစ်စရာကောင်းရုံတင်မက၊ သူ့မမဟာ သူ့အပေါ်သိပ်ကြင်နာတတ်တာ။
သို့ပေမယ့် အပြစ်လုပ်မိရင်တော့ မမက မညှာတတ်။
သူအပြစ်လုပ်တဲ့အခါတွေမှာ မမဟာ မျက်ရည်ကျအောင်ထိ သူ့ကို ဆူနိုင်သည်။
မမနဲ့တွေ့ဆုံခဲ့ကြတဲ့ အချိန်အတွင်းမှာ သူဟာမမရဲ့အကြောင်းကို လုံလုံလောက်လောက်သိခဲ့ပါသည်။
မမနဲ့တွေ့ဆုံပေးတဲ့ကံကြမ္မာကို သူကျေးဇူးတင်မိပါသည်။
ကံကြမ္မာဆိုသည်ထက် သူ့ကိုကြီးကို ပိုပြီးကျေးဇူးတင်မိပါသည်။
ကိုကြီးကျေးဇူးကြောင့်နှင့်သာ မမနဲ့တွေ့ဆုံပြီး ချစ်သူတွေဖြစ်ခဲ့ကြသည်။
ကိုကြီး နဲ့မမဟာ အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြသည်။
အတွေးများနယ်လွန်နေစဥ် မမရဲ့ အိမ်ဆီသို့ ရောက်လာတော့သည်။
ကျယ်ဝန်းလှသောခြံထဲမှာ ပန်းပင်တွေနဲ့လှပနေသော နှစ်ထပ်တိုက်အိမ်လေး။
ခရမ်းနုရောင်လေးက မမအကြိုက်ပင်။
အိမ်ရှေ့မှာရေကူးကန်လေးလည်းရှိသေးသည်။
အိမ်သို့ရောက်လာလာချင်း...
"ကားပေါ်ကအခုချက်ချင်းဆင်းခဲ့၊မမသိပ်စိတ်မကြည်ဘူး"
YOU ARE READING
ခိုနားရာ❤ (Completed)
Romance#punishment type #Both Uni&Zawgyi #Myanmar BL& GL #ဖတ်ကြည့်ပါ တစ်ခုခုတော့ ကျန်မာပါ #ဟဲဟဲ
