အပိုင်း 23

3K 108 26
                                        

အပိုင်း ၂၃

အဆက်မပြတ်သင်ကြားနေသော တီချယ်များကြောင့် နိုင်းနိုင်းပျင်းလှသည်။
မနက်6နာရီကတည်းက စတင်လှုပ်ရှားနေရပြီး ညနေ4နာရီမှ အတန်းပြီးသောကြောင့် နိုင်းနိုင်း ပျင်းလည်းပျင်းချင်စရာ။

"အား...အကြောတွေတက်လိုက်တာကွာ"

နိုင်းနိုင်း လက်မြှောက်ကာ အကြောဆန့်ပြီးပြောလိုက်သည်။

"ဒီနေ့ သောကြာနေ့ပဲကွ ဖိုက်တင်း"

သူ့ကိုယ်သူပြန်အားပေးလိုက်သည်။

ထို့နောက် ဖုန်းခဏထုတ်ကာ လိုင်းဖွင့်လိုက်သည်။

Telegram မှ Notiတက်လာသည်ကိုတွေ့လိုက်သည်။

"ဝက်ဝံပေါက်လေးရေ ကိုယ်မင်းအတွက် ပန်းစည်းလေးပို့ပေးချင်လို့"

ကိုနန္ဒဆီမှ စာဖြစ်သည်။ နိုင်းနိုင်းချက်ချင်း စာပြန်လိုက်သည်။

"အာ ပို့လို့မရဘူးလေအကိုရဲ့  ကိုကိုသိရင်သားသတ်ခံရလိမ့်မယ်၊ဘယ်သူကပို့တာလဲဘာညာ ဘယ်လိုသိကြတာလဲဆိုရင် သားပြောမပြရဲဘူး "

ဟိုဘက်က seenမပြသေး။နိုင်းနိုင်းလုပ်ထားသော ဇယားများပင်။ ကိုနန္ဒမှာ သူ့ကို ညီလေးအရင်းလိုသဘောထားသည်ဟုသာ သူထင်သည်။ သို့သော် သူမသိသည်က နန္ဒကျော်စွာခေါင်ဟူသော ဘဲကြီးမှာ သူ့အားပိုင်ဆိုင်ချင်နေသောသူဖြစ်သည်ကို သူမသိခဲ့ပေ။

"ဟိတ် ကိုကြီးယောကျ်ားရေ ဖုန်းကိုအသည်းအသန်ကြည့်နေတာ ဘာတွေပြောနေတာလဲ"

"လန့်လိုက်တာ ရူပါရာ နင်ကလည်း"

"အမယ် ဘာတွေမဟုတ်တာလုပ်ထားလိုလန့်နေတာလဲ"

"ဘာမှမဟုတ်ပါဘူးဟာ... မနက်ဖြန်ခါဘယ်ချိန်လဲ"

"9နာရီစမာသူငယ်ချင်းလေး"

နိုင်းနိုင်းနှင့် ရူပါ အပြန်အလှန်စကားပြောနေသော်လည်း စွမ်းထက်နိုင်မှာ ရောင်စုံခဲတံတို့အား ကိုင်ကာ ရောင်ခြယ်နေလေသည်။

"စွမ်းထက် မင်းကလည်း စကားလေးဘာလေးဝင်ပြောပါဦးကွာ"

"အေး ငါပြောလို့မရသေးဘူး နောက်ဆုံးချိန်ကြ ပန်းချီစာအုပ်တွေထပ်ရမယ်ပြောထားတာ ငါမပြီးသေးဘူး"

ခိုနားရာ❤ (Completed) Where stories live. Discover now