အပိုင်း 40
ဒေါက်...ဒေါက်...ဒေါက်
"ဝေသော်ရေ....ဝေသော်....ဟေ့ဝေသော်... ငါ့သားထတော့လေ ခဏနေရင် နိုင်းနိုင်းတို့လာကြတော့မာ....ကျောင်းတက်ဖို့ အကိုရှိန်းက သူနဲ့မန္တလေးတစ်ခါတည်းလိုက်ခဲ့ဖို့ မနေ့ကပြောထားတယ်မလား"
ဝေသော့် အမေ့အသံကြောင့် အိပ်ယာထဲက သူ့ဖုန်းကို လျောက်စမ်းလိုက်သည်။ ဖုန်းကတော်နဲ့မတွေ့။
နောက်ဆုံး သူ့တင်ပါးအောက်ကတွေ့လေသည်။"အာ 8နာရီရှိသေးတယ် အမေရ....စောကြီးရှိသေးတယ်ကိုဗျာ"
"8နာရီက စောတာလားဟဲ့... ထတော့ မျက်နှာသစ်သွားတိုက်ပြီး ရေမိုးချိုးမာနဲ့ မနက်စာစားမာနဲ့....အေးနင်မထရင် ငါ ထန်းပလက်ယူလာပြီး သော့ဖွင့်ဝင်မာနော်"
"ဟာ အမေတို့ကစိတ်ဓာတ်ပဲ...ထပြီထပြီ"
ဝေသော် မကြည်မလင်သောမျက်နှာနဲ့ ထလိုက်သည်။ ထို့နောက် ကိုယ့်ရုပ်ကိုမှန်ထဲပြန်ကြည့်လိုက်သည်။
"အာ....အိပ်ယာထခါစ မျက်နှာလေးနဲ့လည်း ငါက သိပ်ချောတာပဲ...."
"ဝေသော်!!! ခုထိမထသေးဘူးလား"
"ထပြီ အမေရေ....."
.
.
ဝေသော် ရေမိုးချိုးပြီး ထမင်းစားလိုက်သည်။ထမင်းစားနေရင်း ကားသံကြားသည်မို့ကြည့်လိုက်တော့ နိုင်းနိုင်းနဲ့ ကိုရှိန်းတို့ဖြစ်နေသည်။နိုင်းနိုင်းမျက်နှာကိုကြည့်လိုက်တော့ စူပုတ်ကာ နှုတ်ခမ်းကထော်ထားသေးသည်။ကျောင်းဖွင့်တဲ့ရက်မို့ အဖြူအစိမ်းတစ်ခါတည်းလဲထားပုံရသည်။"ကိုရှိန်းနဲ့ နိုင်းနိုင်း စားကြပါဦး.......နိုင်းနိုင်း မင်းမျက်နှာကဘာဖြစ်နာလဲ..."
"ကိုကို့မေးကြည့်ပေါ့..... ငါကျောင်းသွားတော့မယ် နောက်ကျတော့မာမို့... ကိုကို ခဏနေရင် ဖိတ်စာတွေယူပီးလိုက်ခဲ့နော်"
"အေးပါ ကိုကိုလိုက်ခဲ့မယ်ကလေး"
"ကိုရှိန်း နိုင်းနိုင်းကဘာဖြစ်တာလဲ"
"ရူပါနဲ့စိတ်ကောက်လာတာပါ ....မဂ်လာဆောင်ကို ပန်းကြဲလုပ်ခိုင်းတာ ဟိုကမလုပ်လို့"
"ဟောဘာများလဲလို့....ကိုရှိန်း ကျနော်တစ်ခါတည်းလိုက်ခဲ့ရမာလား အထုပ်တွေပြင်ပီးပီ"

YOU ARE READING
ခိုနားရာ❤ (Completed)
Romance#punishment type #Both Uni&Zawgyi #Myanmar BL& GL #ဖတ်ကြည့်ပါ တစ်ခုခုတော့ ကျန်မာပါ #ဟဲဟဲ