Part 2 ( Uni+zaw gyi)

17.4K 834 27
                                    

(Unicode)

ခွန်းခက်ပိုင် ဟိုတယ်ရောက်တာနဲ့ တစ်ကိုယ်လုံးပူလာတာကြောင့် ရေဗန်းအောက်ဝင်ထိုင်နေတော့၏။အအေးဓာတ်မုန်းသူပြီပြီ ဘယ်လောက်ဘဲ ပူပူ ရေချိူးခန်းထဲမှထွက်လာပြီးအောက်ကကောင်ကိုချော့ဖို့လုပ်ကာ ဖုန်းထဲမှ Porn video တစ်ခုကိုထကြည့်လိုက်တော့၏။ဘားမှတောင်မကြည့်ရသေးအခန်းတံခါးကိုဖွင့်ဝင်လာတဲ့သူကြောင့် လန့်သွားရတော့၏။

"ဆောင်း မင်းလား"

ခွန်းခက်ပိုင် တစ်ခါမှမကြားဖူးတဲ့နာမည်ကိုအရှေ့ကလူသားက ရေရွတ်ရင်း ရုတ်တရက်
လည်ပင်းတွေကိုနမ်းလာတဲ့ သူကြောင့် ဘယ်သူမှန်းသေသေချာချာမမြင်ရပေမယ့် ကိုယ်တိုင်လဲလိုလားနေလို့လားမသိ။ထိုလူသားကိုမငြင်းမိဘဲ အလိုက်သင့်ပါသွားတော့၏။

ထိုညအလယ်ခေါင်မှာတော့ ညအပြင်ရဲ့ငှက်ဆည်းဆာလေးတွေနဲ့ ​အတူကုတင်ပေါ်ကကောင်လေးနှစ်ယောက်ကလဲ အသံပေါင်းစုံဖြင့် ညီးညူ​​​နေ​ကြ​တော့၏။

* Flack Back End *

" မနေ့ညက နှစ်ယောက်လုံးအလိုတူခဲ့တာမို့
ဘာဖြစ်ရမှာလဲ"

"ငါမတူဘူးကွ ငါမင်းကိုမုဒိန်းမှုနဲ့တရားစွဲမယ်"

" အခုသာမတူဘူးပြောတာ မနေ့ညကကျ
ညီးတာသူမဟုတ်တဲ့အတိုင်းဘဲ"

!စိုင်း မင်း ခ!

ခွန်းခက်ပိုင် မတ်တပ်ရပ်ကာအော်ပြောလိုက်တော့ ထိုင်နေတဲ့ထိုလူသားက ဘာလဲ ဆိုတဲ့အကြည့်နဲ့လာကြည့်တော့ ခွန်းခက်ပိုင်သက်ပြင်းချလိုက်ပြီး ဦးစိုင်းနောင်ကိုကြည့်ကာ ပြောလိုက်တော့၏။

" Uncle သားအတွက် Uncle ဘယ်လိုလုပ်ပေးမှာလဲ"

" စိုင်း မင်းကိုဘာပြောထားလဲ ကိုယ်လုပ်ထားတဲ့အပြစ်ကို ကိုယ်တာဝန်ယူရမယ်လို့"

"ပါပါးကလဲ ကျွန်တော်ဘယ်မှာအပြစ်လုပ်လို့လဲ
ပြီးတော့ ယောကျာ်း လေးချင်းလေ တာဝန်ယူစရာလိုလို့လား သူဗိုက်ကြီးတာလဲမဟုတ်......"

*ဖြန်း*

စကားပြောနေတုန်း ရုတ်ရက် ပါးကို အရိုက်ခံလိုက်တာကြောင့် စိုင်းမင်းခ တစ်ကိုယ်လုံးပူထူသွားတော့၏။နှုတ်ခမ်းထက်လဲ ဒေါသထက်အံ့သြမှုကပိုမြင့်မားသွားတော့၏။အမြဲတမ်း
တမြတ်တနိုးနဲ့ ဂရုစိုက်တတ်တဲ့ အမေက အခုတော့သူ့ကိုရိုက်လိုက်သည်တဲ့လား။ဘဝမှာပထမဆုံးအချိန်ရိုက်ခံလိုက်ရတာ​ကြောင့် ငြိမ်ကျသွားတာတော့အမှန်ပင်။

ချစ်ခြင်းမျဥ်းပြိုင် (Complete)Where stories live. Discover now