(Unicode)ခွန်းခက်ပိုင် ရုတ်တရက်ကြားလိုက်ရတဲ့ ကိုယ့်နားကိုပင် မယုံနိုင်။စေ့စပ်မှုဖျက်သိမ်းလိုက်ပြီတဲ့လား။သုံးနှစ်အထိလို့ပြောခဲ့တာကို အခုမှတစ်နှစ်တည်းနဲ့ဖျက်သိမ်းလိုက်တာတဲ့လား။
"Daddy ရော ငါ့ကို Daddy ဆီပို့ပေး ငါသူနဲ့စကားပြောမယ် ဘယ်သူ့ခွင့်ပြုချက်နဲ့ စေ့စပ်မှုကိုဖျက်သိမ်းရတာလဲဟမ် "
"စိုင်းမင်းခ ဆီကနေလဲ မကြာခင် အတည်ပြုလက်မှတ်ရတော့မှာပါ"
"အဟက် စိုင်းက အဲ့လိုမျိုးလုပ်လိမ့်မယ်လို့ မင်းထင်နေတာလား တောက်စ် ငါ့ဖုန်းရော ငါ့ကိုဖုန်းပေး"
"အခုချိန်မှာ ဖုန်းရော Laptop ရောကိုမပေးနဲ့လို့
သခင်ကြီးကမှာထားလို့ပါ""မင်းဝေ မင်း......."
"ဆရာ အနားယူလိုက်ပါအုန်း"
"တောက်စ် ငါ့ကိုဘယ်နှစ်နှစ်အရွယ်ထင်နေကြတာလဲ ငါ့အသက် ၃၀ ပြည့်တော့မှာကွ အခုလိုကလေးကုလားနဲ့ ငါ့ကိုပိတ်ထားစရာလား
တံခါးဖွင့်ပေးစမ်း မင်းဝေ ""တောင်းပန်ပါတယ် ဆရာ"
!ဂျောက်!
ခွန်းခက်ပိုင် စကားအရာမရောက်ခဲ့ပါ။မင်းဝေကတော့အပြင်ကနေ သော့ခတ်ပြီးပြီဖြစ်၏။
"အဟင့်......
ကိုယ် ကိုယ်တောင်းပန်ပါတယ်ကလေးငယ်
ကိုယ်မင်းကိုထားခဲ့ဖို့ တကယ်မရည်ရွယ်ခဲ့တာပါ
ကိုယ်တောင်းပန်ပါတယ် ဟင့်......
ကိုယ်..... ကိုယ်လဲ မင်းကိုချစ်မိနေပြီဆိုတာကို
ဝန်ခံဖို့တွေးခဲ့ပေမယ့် ကိုယ့်ရဲ့ မဝန်ခံရဲတဲ့စိတ်ကြောင့် ကိုယ်တို့ ကိုယ်တို့အခုလို
ဝေးရမှာတဲ့လားကွာ တောက်စ် အားလုံးက ကိုယ်သောက်သုံးမကျလို့ဖြစ်ရတာ ကိုယ့်ကတိကိုတောင် ကိုယ်မတည်နိုင်ခဲ့ဘူး"အခန်းအကျယ်ကြီး ရဲ့ တံခါးအရှေ့မှာ ထိုင်ငိုနေရင်း ကိုယ့်ကိုကိုယ်အပြစ်တင်နေတဲ့ကောင်လေးရှိသလို ထိုအချိန်မှာတစ်ဖက် နိုင်ငံက
ကောင်လေးကလဲ အိပ်ယာထက်မေ့မြောနေတော့သည်။******************
"သားကြီး မင်းညီလေးကိုခေါ်ပါအုန်း ဘယ်လိုဖြစ်တာလဲ ဒီနေ့ဆို သုံးရက်ရှိပြီမလား ဘာလို့မနိုးသေးတာလဲ "