မင်းဝေဖုန်းပြောနေတုန်း အနောက်ကနေ ဝင်လာတဲ့ သူမက ဘားမှမမေးမြန်းဘဲ ခွန်းခက်ပိုင် အခြေနေကိုတန်းပြောသည်။မင်းဝေ ဖုန်းကိုလက်နဲ့ကာလိုက်ပြီး မိုင့်ကို မျက်စပစ်ပြပေမယ့် အချိန်ကတော့ လွန်သွားခဲ့ပြီဖြစ်သည်။"အကိုမင်းဝေ ကိုကိုရော ကိုကိုရောလို့
ဘယ်သူကခွဲစိတ်ခန်းဝင်နေတာလဲ"မင်းဝေဘာကိုမှ တားဆီးမရတော့ပေ။စိုင်းမင်းခက စကားတွေတသီတတန်းပြောသည်။
"ဘယ်ဆေးရုံမှာလဲ ဘာလို့ ကျွန်တော်ကိုဖုံးကွယ်ထားတာလဲ အခုကိုကိုအဆင်ပြေရဲ့လား"
"......"
"ကျွန်တော်ပြောနေတာကြားလား ကိုကို့ အခြေနေ ဘယ်လိုနေလဲလို့ အဟင့်.....အကိုနဲ့မပြောတော့ဘူး အခုချက်ချင်း ဂျပန်ကို ပြန်လာခဲ့မယ်"
"..."
!တီ...တီ!
မင်းဝေ ပြောစရာရှာနေတုန်း ရှိသေးပေမယ့်
စိုင်းမင်းခကတော့ ဖုန်းချသွားတော့သည်။ချသွားတဲ့ ဖုန်းကိုပြန်ခေါ်မယ်လုပ်တော့ ခွဲခန်းထဲကနေ ထွက်လာတဲ့ Doctor။"Dr အခြေနေ"
"မင်းဆရာ ငါ့လိုသူငယ်ချင်းမျိုးရတာ ကံကောင်းတယ်"
ထိုစကားအဆုံးမှာတော့ မင်းဝေရဲ့ စိတ်အလျဥ်းက လုံးဝကိုငြိမ်သက်သွားတော့သည်။အခုဆိုရင်ဖြင့် စိုင်းမင်းခကိုပြန်ပြောနိုင်ဖို့ စကားလဲ ရရှိသွားပြီဖြစ်သည်။
"အခုတော့ဆေးရှိန်နဲ့ နိုးအုန်းမှာမဟုတ်ဘူး မနက်ဖြန်နေ့ခင်းလောက်တော့နိုးမယ်ထင်တယ် နိုးရင် အကြောင်းပြန်ကြား ချုပ်ထားတဲ့နေရာကိုတော့ တစ်နေ့တစ်ခါ ပတ်တီးလဲပေးရမယ်"
"ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်"
ပြီးတာနဲ့ Dr က ထွက်လာလိုက်ပြီး မင်းဝေကတော့ မိုင့်ကိုပြေးဖက်လိုက်တော့သည်။
"(တော်သေးတာပေါ့ နောက်ဆုံးတော့အဆင်ပြေခဲ့ပြီ)"
"(မိုင့်ကြောင့် Kha san က......)"
မိုင်က အားနာသလိုပြောတော့ မင်းဝေကပြုံးရင်းနဲ့ ပြန်ပြောသည်။
"(ရပါတယ် သူလာပါစေ)"
*************************
စိုင်းမင်းခ တစ်ယောက်တည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေ။သူသိတာတစ်ခုက သူအခုဂျပန်ကို အမြန်သွားရမည်ဖြစ်သည်။