Part 10(Unicode +ZawGyi)

9.7K 458 15
                                    

(Unicode)

"အဟင့်.....အကို"

ခွန်းခက်ပိုင်စကားမဆုံးသေးပေမယ့် သူရှေ့ကကောင်လေးကတော့ ရှိုက်ကြီးတငင်ဖြင့်ငိုကာ
လက်​လေးတွေဖြင့် သူ့ကျောပြင်ကို သိုင်းဖက်လာတော့၏။ငိုနေသူကို ခွန်းခက်ပိုင်လဲမပယ်တော့ဘဲ ကျောပြင်လေးကိုသာ ပုတ်ပေးလိုက်ပြီး ချော့နေလိုက်တော့သည်။ထိုနောက်ကွယ်က အပြုံးကိုသာမြင်ရင် ခွန်းခက်ပိုင်တစ်ယောက် လိုက်လျောမိပါအုန်းမလား။

အတော်တန်ငိုပြီးတော့ စိုင်းမင်းခ မျက်ရည်လေးတွေသုတ်လိုက်ပြီး စကားပြောလိုက်တော့၏။

"ဟင့် ဘာပြောမလို့လဲ ဘဲကြီး....ဟင့်"

"ဘာလို့ငိုနေတာလဲ"

"အဟင့်.....ဘဲကြီး
ဆောင်းလေ သူ....အဟင့်......သူကျွန်တော့်ပေါ်
လုပ်ရက်တယ်ဘဲကြီးရာ အဟင့်...."

"တော်တော့ ကောင်လေး
ငယ်တော့တာလဲမဟုတ်ဘူး ဒီလိုကိစ္စလေးနဲ့ပတ်သက်ပြီး မငိုနဲ့တော့"

ခွန်းခက်ပိုင်ပြောလဲပြော စိုင်းမင်းခ မျက်ဝန်းအိမ်ထဲကမျက်ရည်လေးတွေကိုလဲသုတ်ပေးနေမိ၏။အရှေ့ကလူသားကလဲအငိုမရပ်ဘဲ စကားလုံးလေးတွေ ဆက်ကာပြောလာတော့၏။

"ဆယ်ကျော်သက်အချစ်က သိပ်အပေါစားဆန်နေသလား ဘဲကြီး ကျွန်တော်သူမကိုဟိုငယ်ငယ်ကတည်းကချစ်ခဲ့ အဟမ်း....ချစ်ခဲ့ရတာပါ....
ဟင့်..... ကျွန်တော်ဘာတွေများလုပ်မိလို့
အဟင့်......."

"ကိုယ်မင်းကို အစတည်းကမေ့လိုက်လို့ပြောတယ်မလား စကားမှနားမထောင်ဘဲမင်းက
အခုတိတ်သင့်ပြီ တော်တော့"

"အဟင့်....
ကျွန်တော်တစ်ယောက်တည်းနေချင်တယ်ဘဲကြီး
ဘဲကြီးပြောစရာမရှိရင်ထွက်သွားပေးပါ"

"ကိုယ်ထွက်သွားပေးမယ်
အခုပြောစရာရှိလို့ဝင်လာတာလေးတော့
ပြောသွားအုန်းမယ်"

"အင်း...အဟင့်...."

ခွန်းခက်ပိုင် စိုင်းမင်းခ ခေါင်းလေးကို လက်လေးနဲ့ပုတ်ကာ ပြောတော့ အရှေ့ကကောင်လေးကချက်ချင်းတုံ့ပြန်လာတော့၏။

" မနက်ဖြန်ကိုယ့်အမေလာမှာမို့ ကိုယ်လိုအပ်တာလေးတွေ ပြင်ဆင်ဖို့အပြင်သွားရမယ် ပြီးတော့ မင်းဆံပင် အရမ်းရှည်နေတာ ညှပ်ဖို့ကိုယ်မတောင်းဆိုဘူး ဒါပေမယ့် သေချာလေးတော့စီးထား ကိုယ့်မာမီကဆံပင်ကိုအဲ့လိုအရမ်းရှည်တာမျိုးကို မကြိုက်ဘူး"

ချစ်ခြင်းမျဥ်းပြိုင် (Complete)Where stories live. Discover now