(Unicode)စိုင်းမင်းခ စာသင်ချိန်ရော ကျောင်းပြီးတဲ့ထိ
လေ့ကျင့်ခန်းလုပ်တာကလွဲပြီး
ဘယ်သူနဲ့မှစကားမပြောမိ။အပြန်ကျ
စကားလာပြောတဲ့သူတစ်ယောက်။"စိုင်းမင်းခ နော်"
"ဟုတ်ကဲ့"
"ငါက သျှားထက် ခင်ကြတာပေါ့ကွာ မြန်မာဆိုလို့ ငါတို့ဘဲရှိတာဆိုတော့"
"အင်း "
"ကျောင်းကထမဆုံးတက်တဲ့နေ့ဆိုတော့
တစ်ခုခုသွားစားကြမလား""ဒါပေမယ့် ကျွန်တော့်အိမ်က လူလာကြိုမယ်ပြောထားလို့ဗျ"
"အိမ်ကလူ......"
"{ဘာတွေပြောနေကြတာလဲ Kha San}"
မိုင်က စိုင်းမင်းခ ဘေးကပ်ကာမေးလိုက်တော့ဒေလီယာက ထိုင်းလိုပြန်ပြောလိုက်၏။
"သူတို့ တစ်ခုခုသွားစားဖို့လုပ်နေကြတာ"
"{တစ်ခုခုစားဖို့
သွားကြရအောင်လေ ငါလဲလိုက်မယ်
ဒေလီယာလဲသွားမယ်မလား}""{ငါကရတယ်
ဒါနဲ့ Khin ကရော
လိုက်မလားဟင်}"ဒေလီယာ ပြောလိုက်တော့ အခန်းပြင်ထွက်တော့မယ့် ခင်မေမြင့်ခြေဖဝါးလေးတွေက ရပ်တန့်လိုက်တော့၏။
"မင်းမြန်မာစကားတတ်တယ်ဟုတ်"
ဒေလီယာခေါင်းငြိမ့်ပြလိုက်တော့ ခင်မေမြင့်က
တည်ကြည်စွာပင် ထပ်ပြောလာ၏။"တို့က ကလေးမဟုတ်တာမို့
ကလေးတွေဘဲသွားကြပါ""၂၈ ကငယ်ပါသေးတယ်"
"တို့မလိုက်ချင်လို့ကွယ်
တို့ကိုခွင့်ပြုပါအုန်း"ဒေလီယာက မျက်တောင်မခတ်ကာကျန်ခဲ့
ပေမယ့် သူမကတော့ထွက်သွားခဲ့ပြီဖြစ်၏။"{Kha san ငါတို့သွားကြမလား }"
"{အင်း ရတယ်လေ
သွားကြတာပေါ့}"စိုင်းမင်းခ ခေါင်းငြိမ့်လိုက်တော့ သျှားထက်က ကပ်ပြော၏။
"မင်း အိမ်ကလူလာကြိုမယ်ဆို"
"ရတယ်ရယ် ပြန်လွှတ်လိုက်မယ် "
"မင်းအဆင်ပြေရင်ပြီးတာပါဘဲ"
သျှားထက်ပြောလဲပြောပြီး တစ်ခုခုကိုစဥ်းစားကာ ပြောလိုက်တော့၏။ဒီနေ့ကသောကြာနေ့လဲဖြစ်တာကြောင့် သျှားထက်သွားချင်တဲ့နေရာကိုသာပြောလိုက်တော့၏။