(Unicode)ခွန်းခက်ပိုင် စကားလမ်းကြောင်းလွှဲကာ ပြန်ပြောလိုက်တော့ သူ့မွေးနေ့ကိုသိနေတဲ့အတွက် ကောင်လေးက ပျော်နေသယောင်နဲ့ ရယ်ပြလာတော့၏။စတွေ့ထဲကနေခုချိန်ထိ ပထမဆုံးရယ်ပြခြင်းလို့ဆိုရမလားပင်။ဒါပေမယ့် ထိုအပြုံးက အပြစ်ကင်းစင်ကာ အလွန်အေးချမ်းနေ၏။၁၈ နှစ်ပြည့်မွေးနေ့မှာ လက်ဆောင်အဖြစ် ခွန်းခက်ပိုင်က ထိုကောင်လေးရဲ့ အပြုံးကိုရလိုက်သလိုပင်။
"ဒါနဲ့ ဘဲကြီး"
"......."
"ဘဲကြီးက ကျွန်တော့်မွေးနေ့ကို
ဘယ်လိုသိတာလဲ""အန်တီပြောပြတာ"
"သြော်........."
"မင်း ငါ့အခန်းထဲရောက်နေတဲ့ကိစ္စကိုဘဲ
ရှင်းစမ်းပါ စိုင်းမင်းခ""ဟီး........
အဲ့တာက မွေးနေ့လက်ဆောင်လာတောင်းတာ
ပြီးတော့ ကျွန်တော် မွေးနေ့ကိတ်လဲ
မလှီးရသေးလို့ အဲ့တာ.....""မွေးနေ့ကိတ်က ရေခဲသေတ္တာထဲမယ်လေ "
"ဟုတ်လား မသိဘူးရယ်
ဘဲကြီးရာ စောစောကတော့မပြောဘူး
ကျွန်တော်က မွေးနေ့ကိတ်သွားဝယ်ခိုင်းမလို့
စောင့်နေတာ"စိုင်းမင်းခပြောလဲပြောရင်း မီးဖိုချောင်ထဲကရေခဲသေတ္တာဆီပြေးသွားလိုက်ကာဖွင့်ကြည့်လိုက်တော့၏။တွေ့တဲ့ ကိတ်အသေးလေးကို
ယူကာ ပြုံးလိုက်ပြီး ဧည့်ခန်းက စားပွဲပေါ်မှာ
တင်လိုက်တော့၏။"ဘဲကြီးရေ ဘဲကြီး......."
"......."
"ဘဲကြီးရေလို့......."
".........."
စိုင်းမင်းခ ဘယ်လောက်ခေါ်ခေါ် ပြန်မထူးတဲ့သူကြောင့် ဒေါသထွက်ကာ အခန်းထဲဝင်လိုက်ပြီး ခေါ်လိုက်တော့၏။
"ဘဲကြီး အဲ့ကွန်ပျူတာနဲ့က ဘာလုပ်နေတာလဲ"
"စာရင်းကြည့်နေတာလေ"
"မွေးနေ့လာလုပ်ပေး"
"ငါမလုပ်ချင်ဘူး"
"ဘဲကြီး"
"ဘာလဲ စိုင်းမင်းခရာ မင်းတော်တော်အလုပ်ရှုပ်တာဘဲ မွေးနေ့လေးတစ်ခုကိုဘာဖြစ်နေတာလဲ"