(Unicode)
ကြားလိုက်ရတဲ့အသံနှစ်ခုကြောင့် ခွန်းခက်ပိုင်အလည်မှာကြောင်အမ်းအမ်းပင်။
"ဘဲကြီး ဘာလို့အဖက်ခံနေတာလဲ
ကျွတော့်နားကိုအခုချက်ချင်းလာခဲ့
ခင်ဗျားဘယ်သူလဲ ဘာလို့...အာ့.....""စိုင်း....."
စိုင်းမင်းခပြောလဲပြောရင်း ခြေချမိတော့ တစ်နေရာကစူးတက်သွားတာကြောင့် အနည်းငယ်အော်လိုက်တော့သည်။စိုင်းမင်းခအသံကြားမှ ခွန်းခက်ပိုင်လဲအရှေ့ကလူကို လွှတ်လိုက်ပြီး
ကုတင်နားကို သွားလိုက်တော့၏။"စိုင်းရရဲ့လား"
"ခြေထောက်ကနာနေတယ် ဘဲကြီး ဟင့်......."
ပြောလဲပြောရင်း အနားက ခွန်းခက်ပိုင်ရဲ့ခါးကို
ဖက်ထားလိုက်တော့၏။"ဘေဘီသူကဘယ်သူလဲ"
"ကျွန်တော်က ဦးခွန်းခက်ပိုင်ရဲ့ တရားဝင်စေ့စပ်ထားတဲ့ အမျိုးသားပါ ဒီက အမျိုးသမီးကရော
ဘယ်သူပါလဲဗျ""ဟားဟား.......
အဲ့တာဆိုရင် ကိုယ်က မင်းဖက်ထားတဲ့လူရဲ့
ပိုင်ရှင်လို့ပြောရမလား""ဘာဗျ.......ဘဲကြီး သူပြောတာဟုတ်လား"
အရှေ့ကအမျိုးသမီးရဲ့ အမေးကို စိုင်းမင်းခက ခွန်းခက်ပိုင်ရဲ့ခါးတွေကိုဖက်ရင်း ဖြေဆိုတော့
ထိုအမျိူးသမီးကလဲ ခနဲ့စွာဖြေဆိုတော့၏။
နောက်ဆုံးတော့ ခွန်းခက်ပိုင် သက်ပြင်းချကာ
စိုင်းမင်းခရဲ့ လက်တွေကိုခါးကနေဖြုတ်လိုက်ပြီးကုတင်ပေါ်မှာဝင်ထိုင်လိုက်တော့၏။"မား ကောင်လေးကို စမနေနဲ့တော့
သူက ကိုယ်ရဲ့မေမေ မင်းထင်ချင်တာတွေ
ထင်မနေနဲ့""မား......"
ခွန်းခက်ပိုင် စကားအဆုံး စိုင်းမင်းခ အံ့သြမိကာ
ထိုနာမ်စားတစ်ခွန်းသာ။ပြီးတာနဲ့ ခွန်းခက်ပိုင်ကျောနောက်မှာမျက်နှာအပ်ရင်း......."တွေ့ရတာဝမ်းသာပါတယ် အန်တီ
ကျွန်တော့်နာမည် စိုင်းမင်းခပါ စောနကရိုင်းသလို ဖြစ်သွားရင်တောင်းပန်ပါတယ်ဗျ""စောနပြောတာကျ သားခွန်းရဲ့ တရားဝင်စေ့စပ်ထားတဲ့သူပါဆို"
"တကယ်လဲ တရားဝင်စေ့စပ်ထားတဲ့သူပါဘဲဗျ"