(Unicode)
ခွန်းခက်ပိုင် ကတအံ့တသြနဲ့အော်မိတော့
စိုင်းမင်းခ ကလဲလန့်ကာထအော်မိတော့၏။"ဘာလို့အော်နေတာလဲ "
"ဒီတိုင်း အံ့သြသွားလို့
မင်း ငါနဲ့လက်ထပ်ရမှာ အဆင်ရောပြေ....""မပြေဘူး"
"ဘာကွ"
"ခင်ဗျားမေးလို့ ကျွန်တော် ဖြေတာလေ
ခင်ဗျားဘာသာခင်ဗျားစဥ်းစားကြည့်
ကျွန်တော့်လို အသက်ငယ်ငယ်ရွယ်ရွယ် နုနုထွတ်ထွတ်ကောင်ငယ်လေးတစ်ယောက်က
ခင်ဗျားလို သက်ကြီးရွယ်အို ကိုလက်ထပ်ရမှာလေ အဆင်ပြေစရာဘယ်မှာရှိနေလို့လဲဗျ""စိုင်းမင်းခ"
"ဘာလဲ "
"မင်း....မင်း......"
"အခုမှ မြန်မာဆိုရိုးတစ်ခုကို သတိရသွားတော့တယ်"
"ဘာဆိုရိုးလဲ"
"နွားအို မြက်နုကြိုက်တဲ့လေ ဘဲကြီးရဲ့"
"မင်း... စိုင်းမင်းခ...."
"မင်းအသက်မပြည့်သေးဘဲ....."
"နောက်လဆို ပြည့်ပြီ ၁၈ နှစ်"
"အဲ့တာဆို ဘယ်လိုလုပ် ခုလက်ထပ်လို့ရမှာလဲ"
"ကျွန်တော်တို့ဆီမှာ အဲ့လိုမရှိဘူး ခင်ဗျားဗျာ တော်တော်အကြောရှည်တာဘဲ ခင်ဗျား
ဒီတစ်သက် လက်မှတ်ထိုးဖို့ရော
သွားအုန်းမှာလားဟမ်"စိုင်းမင်းခအော်ပြောလိုက်တော့ ခွန်းခက်ပိုင်က ခေါင်းသုတ်နေရင်းနဲ့ မတ်တပ်ရပ်လိုက်ပြီး စိုင်းနဲ့မျက်နှာချင်းဆိုင်ကာ.......
"မင်း က ကိုယ့် ယောကျာ်းဖြစ်ချင်နေတာလား"
"ဘာဗျ ခင်ဗျားသာ....."
"Ok ok ok မင်း ငါနဲ့ အခု လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးချင်လား"
"မထိုးချင်ဘူး"
"ok အဲ့တာဆို မင်း ငါနဲ့ဂျပန်လိုက်ခဲ့ရမယ်"
"ဟမ်"
စိုင်းမင်းခက မသိသလိုကြောင်အမ်းအမ်းလေးနဲ့ကြည့်လိုက်တော့ ခွန်းခက်ပိုင်က မဂ်လာဝတ်စုံလေးကို ယူကာ ကုတင်ပေါ်မှာထိုင်လိုက်ပြီး.....