(Unicode)စိုင်းမင်းခ သူ့ကိုဂရုမစိုက်ဘဲ Macbook ကိုသာကြည့်နေတဲ့လူသားကို ဒေါသထွက်ပေမယ့် Excel လုပ်နေတဲ့ ခွန်းခက်ပိုင်က သူ့ကိုတစ်မျိုးဆွဲဆောင်နေသလိုပင်။ပြန်မယ်အလုပ် စကားစပြောလာတဲ့သူ လက်နဲ့နှုတ်ခမ်းလေးကို ကစားရင်း သူပြောသမျှကိုအူတူတူလေးဖြေလာပုံက တကယ်ချစ်စရာအတိပင်။
"ဘာပြောစရာ ကျန်သေးလဲစိုင်းမင်းခ"
" ပြောစရာမကျန်ပေမယ့်..."
"အင်း"
"လုပ်စရာကျန်သေးတယ်"
"ဟင် ဘာလုပ်....အင့်....."
"သားခွန်း....."
"အာ့...ဘဲကြီး"
နှုတ်ခမ်းသားကို အထိ တံခါးကိုဖွင့်၍ ဝင်လာသောမာမားကြောင့် ခွန်းခက်ပိုင် မျက်နှာတစ်ခုလုံးနီရဲကာ စိုင်းမင်းခကိုတွန်းထုတ်လိုက်တော့၏။စိုင်းမင်းခကတော့ နာမ်စားလေးသာထွက်နိုင်တော့၏။ မတ်တပ်ရပ်ကာ နမ်းလိုက်တဲ့သူမို့ ခွန်းခက်ပိုင်တွန်းလိုက်တော့ ကြမ်းပြင်မှာ
ဖင်ထိုင်လျက်သားပင်။"သားခွန်း ထမင်းစားလာပြီလားလို့လာမေးတာ"
"ကျွန်တော်အပြင်မှာ စားလာတယ်မား"
"သားခွန်းရဲ့ စေ့စပ်ထားတဲ့သူလေးကရော"
"ကျွန်တော်မစားရသေးဘူး အန်တီ"
ဒေါ်ခွန်းမေအမေးကို စိုင်းမင်းခက တင်ပါးကိုပွတ်ကာ မတ်တပ်ရပ်ရင်းပြန်ဖြေ၏။
"ထင်တော့ထင်သားဘဲ စားဖို့လုပ်နေတည်းက"
ဒေါ်ခွန်းမေစကားဆုံးတော့ နှစ်ယောက်လုံးကကြောင်အမ်းအမ်းလေးပင် ကြည့်နေကြတော့၏။
ထိုအခြေနေကိုသဘောကျသွားတဲ့ ဒေါ်ခွန်းမေကကြိတ်ရယ်ကာ စကားထပ်ဆက်လိုက်တော့၏။"သြော် ထမင်းမစားရသေးရင်လဲ
တစ်ခုခုထွက်စားပါလားလို့ ကိုယ့်သားလူပျိုကြီးက စားစရာမဟုတ်ဘူးလို့ပြောချင်လို့ပါ""မား ဘာတွေပြောနေတာလဲ "
"အန်တီပြောတာလဲမှန်တာဘဲနော်"
ဒေါ်ခွန်းမေပြောတော့ ခွန်းခက်ပိုင်က အရှက်သည်းစွာပြန်ဖြေပေမယ့် စိုင်းမင်းခကတော့
ထောက်ခံကာပြန်ပြော၏။