စိုင်းမင်းခ ဆေးလိပ်သောက်နေရင်း အပြင်ဘက်က ကြားလိုက်တဲ့အသံကြောင့် တံခါးထဖွင့်ပေးလိုက်တော့၏။နဂိုမြင်နေကျလူကတစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်မို့
အနည်းငယ် မျက်ခုံးကြုံ့မိကာ မေးလိုက်တော့၏။"သူမက ဘယ်သူလဲ "
"တွေ့ရတာ ဝမ်းသာပါတယ်
ကိုယ့်နာမည်က သစ္စာပါ"ရွှေဝါရောင်ဆံပင်ကိုအနည်းငယ် လိပ်ထားပြီး
အနီရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ကာ အသားရေချောမော၍ ပြုံးလိုက်ရင်ပါးချိုင့်ပါနေသော သူမက တကယ်ကိုစွဲမယ်စရာအတိပါပင်။"ရပ်မနေနဲ့ လုပ်စရာရှိတာလုပ်တော့ ကိုယ်တို့
အလုပ်ကိစ္စရှိလို့""ဘာကိစ္စလဲ"
"ကလေးက ကလေးလိုနေ စိုင်း ပြီးတော့..."
ခွန်းခက်ပိုင် ဖိနပ်ချွတ်ရင်းနဲ့စကားသံသပ်လိုက်တော့ စိုင်းမင်းခက ဘာလဲဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်တော့၏။
" သစ္စာကဒီည ဒီမှာ အိပ်မှာ"
"ဟမ်....."
ခွန်းခက်ပိုင် စကားအဆုံး စိုင်းမင်းခ
အသံ အနည်းငယ်ကျယ်ကာအော်လိုက်တော့၏။
စိုင်းမင်းခအော်တော့ အနောက်ကထိုအမျိုးသမီးက ခွန်းခက်ပိုင်ရဲ့ နောက်ကျောအကျီ်ကို
ကိုင်ကာ......."ခွန်း ကောင်လေး ကြည့်ရတာ သစ္စာကိုသိပ်မကြိုဆိုချင်ပုံဘဲနော်"
"အားနာရပါတယ် သစ္စာ ကျွန်တော်တို့အထဲသွားကြတာပေါ့"
ခွန်းခက်ပိုင် စိုင်းမင်းခကို ဘေးကိုအနည်းငယ်တွန်းကာ သစ္စာနဲ့အတူဝင်ထိုင်လိုက်ပြီး သစ္စာ ဘန်ကောက်သွားရင် တည်းမယ့်ဟိုတယ်ရယ် ၊
private plane ရယ် ၊ Makeup Artist တွေထဲက သစ္စာနဲ့အဆင်ပြေမယ့် သူကိုရွေးခိုင်းထားကာတစ်ခုခုစားဖို့သွားပြင်ဆင်လိုက်တော့၏။အကုန်လုံးကို သစ္စာကရွေးရင် စဥ်းစားကာ သေချာပြန်ပြော၏။ ခွန်းခက်ပိုင်လဲပြောသမျှကိုသေချာလိုက်မှတ်ကာ အကုန်လုံးကိုစာရင်းလုပ်ထားတော့၏။ လုပ်စရာရှိတာတွေလုပ်ပြီးတော့ သစ္စာက ခွန်းခက်ပိုင်အခန်းထဲဝင်ကာ အိပ်လိုက်ပြီး ခွန်းခက်ပိုင်ကတော့ ထုံးစံအတိုင်း အလုပ်ခန်းထဲဝင်ကာ စာအုပ်တစ်အုပ်သာဖတ်လိုက်တော့သည်။