(Unicode )ခွန်းခက်ပိုင်အခန်းထဲ ပြန်ရောက်တာနဲ့ လည်ပင်းထက်က နက်ကတိုင်ကို ဖယ်ရှားလိုက်ကာ မင်းဝေ ဆီသို့ဖုန်းဆက်လိုက်တော့၏။
"မင်းဝေ ကားခုချက်ချင်းပြင် စိုင်းမင်းခဆီသွားမယ် လေယာဥ်လက်မှတ်ကိုမနက်ဖြန်မနက်
စီစဥ်..... မဟုတ်ဘူး ဒီနေ့ည စီစဥ်လိုက်""ဟုတ်....."
မင်းဝေစကားမဆုံးပါ တစ်ဖက်လူကဖုန်းချလိုက်တော့၏။နက်ကတိုင်ကိုပြန်မတပ်တော့ဘဲ
ရိုးရိုး Suit အပြာရင့်ရောင်ကိုသာဝတ်ဆင်လိုက်ပြီး Hotel ရှေ့ ရောက်နေတဲ့ကားပေါ်တက်ကာ
တစ်ဦးတည်းသောသူရဲ့အိမ်ကိုဦးတည်လိုက်တော့၏။အိမ်ရောက်တော့ ဒေါ်မေခ လာကြိုကာ
ဧည့်ခန်းထဲသို့ခေါ်လာတော့၏။ထို့နောက်
ခွန်းခက်ပိုင်အတွက်အအေးထည့်ပေးရင်းစကားစလာတော့၏။"သားတို့ဘယ်နေ့သွားဖို့တွေးထားလဲ"
"Today Night Flight နဲ့ပါ အန်တီ"
"....."
"အဆင်ပြေရဲ့လားဗျ"
ခွန်းခက်ပိုင် စကားကြားတော့ ဒေါ်မေခက ဘားမှပြန်မပြောလာပေမယ့် ခွန်းခက်ပိုင် မြင်လိုက်ပါသေးတယ်။သူမရဲ့လက်ကလေးတွေတွန့်သွားတာကိုပေါ့။
"ပြေပါတယ် သားရယ်
လူကြီးဆိုတော့ အဲ့လိုဘဲလက်က သိပ်မမြဲဘူး""ဟုတ်ကဲ့ အန်တီ ဒါနဲ့ စိုင်းမင်းခ...."
"သားငယ်က ငယ်ငယ်က စေ့စပ်မှုတစ်ခုလုပ်ထားတာလေ အဲ့တာသွားဖြတ်တယ်"
"ဗျာ.....
စေ့စပ်မှု.....""အင်း အိမ်ကမိဘချင်းသဘောတူထားတာလေ
အခုတော့အခြေနေရ မနက်ကဘဲသူ့အဖေနဲ့စေ့စပ်ထားတာကိုဖြတ်ဖို့သွားပြောလေရဲ့ ပြန်လာနေပြီလို့တော့ပြောတာပါဘဲ""အန်တီ ကမလိုက်သွားဘူးလား"
"ကိုယ်ကအစတည်းက သူတို့နှစ်ယောက်ကိုသဘောတူခဲ့တဲ့သူမှမဟုတ်ဘဲ "
"ဗျာ......"
ခွန်းခက်ပိုင် နောက်တစ်ခါထပ်အံ့သြမိပြန်တော့၏။ခွန်းခက်ပိုင် ဘာလို့လဲလို့မေးဖို့လုပ်လိုက်တော့ အနောက်ကနေ ထွက်လာတဲ့စကားသံကြောင့် နှုတ်ဆိတ်လိုက်တော့၏။