Ex 12

7.1K 756 77
                                    

ညစာစားပြီးတော့ တဲထဲကိုအရင်ဝင်လာတဲ့ Taehyung နဲ့ Jihoon...

အစက Taehyungကုတင် နဲ့ Jihoon ကုတင်ကြားမှာ စားပွဲခုံလေးပဲရှိတာဆိုပေမယ့် အခုတော့ကုတင်တစ်လုံးကအစားထိုးဝင်ရောက်နေသည်...

ထိုကုတင်နဲ့ Jihoon ကုတင်ကြားမှာတော့ စာပွဲခုံနှစ်ခုံတောင်ရောက်နေသည်...တစ်ခုံက Jihoon အတွက်ဖြစ်ပြီးနောက်တစ်ခုက ထိုကုတင်ကလူအတွက်ဖြစ်မည်...

Jihoon အတော်လေးစိတ်ညစ်သွားသည်...အစကတည်းက Taehyung နဲ့ရင်းနှီးချင်လို့ ဘေးကကုတင်မှာနေရာယူထားတာကို အခုတော့စာပွဲခုံတွေရော ကုတင်ပါခြားနေတာကြောင့် အတော်လေးလှမ်းသွားပြီ...

သူတို့နောက်ကလိုက်ဝင်လာတဲ့ Jungkook ကတော့ပြုံးပြုံးကြီးတဲထဲဝင်လာပြီး သူ့အတွက်စီစဥ်ထားတဲ့ ကုတင်မှာအေးအေးဆေးဆေးပင်သွားထိုင်နေသည်...အလိုက်သိလွန်းတဲ့ Yoongi အား Jungkook ဘောက်ဆူးပေးဖြစ်ဦးမည်ထင်တယ်...

Taehyung ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး သူ့ကုတင်ဆီပဲလာခဲ့လိုက်သည်...ကျန်တဲ့ကုတင်တွေကြားမှာပစ္စည်းတင်ဖို့စာပွဲလေးတွေရှိကြပေမယ့် Jungkook နဲ့ Taehyung ကြားမှာကျ လက်ဖဝါးတစ်ခုစာသာခြားထားသည်...ဒါကတအားသိသာလွန်းမနေဘူးလား...

"Jihoon ကိုယ့်ကိုလာကူဦး.."

Taehyung ကရုတ်တရက် Jihoon ကိုခေါ်လိုက်သည်...

"ဟုတ်ကဲ့ Hyung"

"ဘာလုပ်မလို့လဲ ကိုယ်ကူညီရမလား..."

Jungkook ကဝင်မေးလာတော့ Taehyung ကဟန်ဆောင်အပြုံးတွေနှင့်ကြည့်လိုက်ပြီး...

"ရပါတယ် CEO Jeon "

Jihoon ရောက်လာမှာမှ Taehyung ကကုတင်ကိုတဖက်တိုးမလို့မှန်း Jungkook သဘောပေါက်လိုက်သည်...ပြီးတော့တခြားတဖက်ကစာပွဲခုံအား သူတို့ကုတင်တွေကြားမှာချထားလိုက်သည်...

Jungkook ကမကျေနပ်ပေမယ့်ဘာမှတော့ဝင်မပြော...အရမ်းကြီးဝေးသွားတာမှမဟုတ်ဘဲ...

"ကျေးဇူးပဲနော် Jihoon..."

"မလိုပါဘူးဗျာ Hyung ကလည်း..."

Jihoon ကရယ်နေပေမယ့် တစုံတစ်ယောက်ရဲ့အကြည့်စူးစူးတွေကိုလည်းခံစားနေရသည်...အဲ့ဒီ CEO Jeon ဆိုတဲ့သူနဲ့သူ(jh)ကဘာအငြိုးမှလည်းမရှိပါဘူး...ဘာလို့သူ့ကိုရန်လိုနေတဲ့ အကြည့်တွေနဲ့ပဲကြည့်နေရတာလဲမသိ...

My Annoying Ex(Ongoing)Where stories live. Discover now