Taehyung မှာ ညနေစာ စားတဲ့အချိန်ထိ ရှက်နေတုန်းပင်။ ထမင်းစားနေရင်း ကိုယ့်ဘာသာကိုယ်ပဲ ငုံ့စားနေပြီး နည်းနည်းလေးတောင် မော့မကြည့်လာ။ အိမ်ရှင်ဖြစ်တဲ့သူ့ကို ဧည့်သည်ဖြစ်တဲ့ Jungkook ကပင် ဟင်းတွေထည့်ပေးနေရသေးသည်။
ပြီးတော့လည်း သူ့မေမေက Jungkook ကို သူ့အကြောင်းတွေမေးနေတာတောင် Taehyung မှာ ဘာမှဝင်မထောက်ဘဲ ငြိမ်ငြိမ်လေးနားထောင်နေလေသည်။ ပုံမှန်ဆို 'မေမေကလည်း' ဆိုပြီး တားနေမိမှာလေ။
ညနေစာစားပြီးသွားတော့...
အပြင်မှာ မှောင်နေပြီမို့ Jungkook အား ထယ့်မိဘတွေက 'မပြန်ချင်ရင် ဒီမှာအိပ်လိုက်ပါလား' လို့ ပြောလာတာကြောင့် သူကလည်း အခွင့်အရေးကို လက်လွှတ်မခံခဲ့ပါဘူး။ ချက်ချင်း ကားကို ခြံဝင်းထဲ သွားသွင်းခဲ့သည်။ ပြီးတော့ လက်ထောက်ကိုလည်း ဒီနှစ်ရက်အတွင်း ဘာအလုပ်ကိစ္စအတွက်မှ ဖုန်းမဆက်ဖို့နဲ့ အရမ်းအရေးကြီးရင် Yoongi ကိုပဲ ခေါ်ဖို့ မှာထားခဲ့လိုက်သည်။
Jungkook အိမ်ထဲရောက်တော့ ဧည့်ခန်းထဲမှာ Taehyung မိဘတွေနဲ့ စကားနည်းနည်းလောက် ထပ်ပြောဖြစ်ကြသေးသည်။ ထယ့်ဖေဖေကတော့ သိပ်ဝင်မပြောဘဲ ထယ့်မေမေနှင့်သာ ပြောဖြစ်တာ ဖြစ်သည်။ တော်တော်များများကတော့ သူ့အမေ Yoon Hye Sung အကြောင်းပေါ့။
Taehyung ရဲ့မိဘတွေနဲ့ စကားပြောပြီးတဲ့နောက်ပိုင်း သူတို့က အေးအေးဆေးဆေး နေတတ်တဲ့သူတွေမှန်း Jungkook နားလည်ခဲ့သည်။ သားဖြစ်သူက နာမည်ကြီးတစ်ယောက်ဖြစ်နေတာတောင် ဟိတ်ဟန်ရှိတာမျိုး မတွေ့ရပေ။
ထယ့်မေမေက အရိပ်အကဲသိသူပီပီ အကြာကြီးတော့ စကားပြောမနေပါဘူး။ Jungkook ရဲ့ မျက်ကွင်းညိုတွေကြောင့် စောစောအိပ်ယာဝင်ပြီး အနားယူဖို့ တိုက်တွန်းခဲ့သည်။
ထို့ကြောင့် Jungkook ကိုယ်လက်မျက်နှာဆေးပြီး Taehyung ရဲ့အခန်းထဲ ဝင်လာသည်။ အခန်းထဲဝင်လာသည်နှင့် Taehyung ရဲ့ငယ်ဘဝ အငွေ့အသက်လေးတွေ လွှမ်းနေတဲ့ ပုံစံလေးကို ခံစားရသည်။ အခန်းလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ ပစ္စည်းအများစုက အညိုရောင် ဒါမှမဟုတ် အညိုဘက်သမ်းနေတဲ့ အရောင်တွေ...
YOU ARE READING
My Annoying Ex(Ongoing)
Fanfictionငါ့ရဲ့စိတ်ရှုတ်စရာကောင်းတဲ့ရည်းစားဟောင်းက ငါ့ကိုမချစ်ဘဲထပ်ကစားချင်နေတယ်...... Jungkook X Taehyung Start Date...[8-12-2022] End Date...