Ex 28

5.3K 501 48
                                    

သူတို့နှစ်ယောက်ကြား နည်းနည်းကသိကအောက်ဖြစ်ပြီးနောက်ပိုင်း Jungkook ဘက်က အရင်လို Taehyung အပေါ်တွယ်ကပ်နေတာမျိုးတွေ အတွန့်တက်တာမျိုးတွေ ထပ်မလုပ်တော့...အလုပ်များနေပုံလည်းပေါ်သည်...

အိမ်ပြန်ရောက်ရင်တောင် လုပ်စရာရှိတာလုပ်ပြီး အလုပ်ခန်းထဲမှာ ညဥ့်နက်ထိနေပြီးမှ Jungkook ကအိပ်ခန်းထဲဝင်လာတတ်သည်...

သို့ပေမယ့်သူ့အခြေအနေကိုတော့ Jimin ဆီဖုန်းဆက်ပြီး အမြဲမေးတဲ့အကြောင်း Taehyung ပြန်သိရသည်.. ညစာလည်း အတူမစားဖြစ်တာကလွှဲရင် သူ့(th)အတွက်ညစာကို Jungkook ပဲလုပ်ပေးသည်... သူ(jk)ကိုယ်တိုင်ကတော့ ညစာစားဖြစ်လား မစားဖြစ်လား Taehyung မသိ... သူလည်းအားနာတာနဲ့ နောက်ရက်တွေမှာ ညစာကိုအပြင်ကပဲ စားလာခဲ့တော့သည်...

ဒီလိုနဲ့ သူတို့ကြားကလေထု အေးစက်လာခဲ့သည်မှာ တစ်ပတ်တောင်ရှိသွားပြီ...အရင်ကလို Jungkook က Shooting ကိုလာကြည့်တာတွေ လာကြိုတာတွေလည်း မရှိတော့ဘူး... သူတို့တွေ့တဲ့အချိန်က ညပိုင်းလေးပဲရှိသည်...ဒါတောင် Jungkook ကညဘက်ဆို အလုပ်ခန်းထဲမှာပဲအချိန်ကုန်တော့ အိပ်ချိန်ကလွှဲရင် သူတို့အတူဆုံတာက မရှိသလောက်ပါပဲ...

Taehyung ဘက်ကကြည့်ရင် Jungkook ရဲ့အခုပုံစံက သူတို့ရဲ့အရင်တုန်းကပုံစံကို ပြန်သတိရစေသည်...Jungkook ဘက်က စပြီးငြီးငွေ့နေပြီလားလို့တွေးမိတော့ အမှတ်မရှိတဲ့ နှလုံးသားက အခုထိနာကျင်နေရတုန်းပင်...ဒီလိုဖြစ်လာမှာကို ကြိုတင်ပြင်ဆင်ထားတာတောင်မှ ကျင့်သားမရသေး...Jungkook ကိုပြောင်းလဲသွားပြီလို့ ထင်မိတာ သူ့အမှားမို့ ဘယ်သူ့ကိုမှ အပြစ်တင်စရာအကြောင်းမရှိ...

"Taehyung မင်းရိုက်ရတော့မှာ..."

Jimin သတိပေးမှ Taehyung အတွေးလွန်နေရာမှ အသိပြန်ဝင်လာသည်...

"မင်းဒီရက်ပိုင်းဘာဖြစ်နေတာလဲ ငေးငေးငိုင်ငိုင်နဲ့ မျက်နှာလည်းမကောင်းဘူး"

"ဘာမှမဖြစ်ပါဘူး... ဒီရက်ပိုင်းကြော်ငြာတွေရော Show တွေပါရိုက်ရတော့ နည်းနည်းပင်ပန်းနေတာပါ"

"အင်းပါ အရမ်းပင်ပန်းလာရင်ပြောနော် နားသင့်ရင်နားရမှာပဲ"

My Annoying Ex(Ongoing)Where stories live. Discover now