Ex 42

3.4K 277 8
                                    

နေရောင်စူးစူးကြောင့် Taehyung နိုးလာသည်။ Jungkookက ထသွားပြီမို့ သူ့ဘေးကနေရာလေးက လစ်လပ်နေသည်။ သူ ထထိုင်လိုက်ပြီး မျက်လုံးတွေကိုပွတ်ကာ အိပ်ချင်ပြေအောင်လုပ်လိုက်သည်။

"နေတောင်မြင့်နေပြီပဲ"

မှန်ပြတင်းကြီးက လိုက်ကာဖွင့်ထားတာကြောင့် အပြင်ဘက်က တောက်ပနေသည့်အလင်းရောင်အား ရှင်းရှင်းလင်းလင်းမြင်နေရသည်။

Taehyung မှန်ပြတင်းကြီးကို မြင်လိုက်ရတော့ ညတုန်းက ရှက်ရွှံဖွယ်အဖြစ်အပျက်ကို အစားထိုးမြင်ယောင်လာသည်။ ညတုန်းက Jungkook လိုက်ကာကိုဖွင့်ပြီးတော့ ထိုမှန်ပြတင်းကနေ အောက်ဘက်မြို့ရှုခင်းကို အတင်းကြည့်ခိုင်းပြီး အနောက်ကနေ ညစ်ညမ်းတာတွေပြောရင်း လုပ်ခဲ့သေးတယ်လေ။

Jungkook တည်းတဲ့အခန်းက ဒီမြို့ရဲ့အမြင့်ဆုံး Hotel က ထိပ်ဆုံးထပ်အခန်းမှာဆိုပေမယ့် ဟာလာဟင်းလင်းမှာ လုပ်နေသလိုမျိုး Taehyung ခံစားခဲ့ရသေးသည်။ ဒါပေမယ့် အဲ့တုန်းက သာယာခဲ့တာကိုတော့ မငြင်းနိုင်။

ညတုန်းက နှစ်ယောက်သား အတော်လေး ဝုန်းဒိုင်းကျဲခဲ့တာကိုတွေးမိတော့ Taehyung ရှက်ရှက်နှင့် မျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ကာ အသံတိတ်အော်နေတော့သည်။

"နိုးပြီလား..."

Jungkookက ရေချိုးခန်းထဲကနေ ခါးမှာသဘက်ပတ်လျှက်အနေအထားနှင့်ထွက်လာသည်။ တောင်းတင်းနေတဲ့ ရင်သားအပေါ်ဘက်မှ ကိုက်ရာအကွင်းလိုက်ကြီးကိုမြင်လိုက်ရတော့ Taehyung မျက်နှာရဲသွားသည်။ သို့ပေမယ့် ကြည်လည်းကြည်နူးသည်။ သူပေးထားတဲ့အမှတ်အသားလေးမို့လေ။

"ဗိုက်ဆာနေပြီမလား.. မနေ့က ညစာမစားလိုက်ရဘူးလေ"

ကုတင်ပေါ်တက်လာတဲ့ Jungkookက Taehyung ခါးလေးအားပွေ့ဖက်ကာ နူးနူးညံညံမေးသည်။ မနေ့ညက စိတ်ကြိုက်ကြမ်းရမ်းခဲ့တဲ့သူ မဟုတ်တဲ့အတိုင်းပဲ...

(ဘယ်စားချိန်ရမလဲ.. အနားမှ မပေးခဲ့တာ)

Taehyung စိတ်ထဲကနေအပြစ်ပြောတာကို Jungkookက နားလည်သည့်အလား...

"ကိုယ့်ကိုအပြစ်မတင်ရဘူးနော်... အရင်စတာက မင်းလေးပဲလေ"

"ဒါပေမယ့် မင်းငါ့ကိုရေတောင် သွားမသောက်ခိုင်းတာကရော.. "

My Annoying Ex(Ongoing)Where stories live. Discover now