ရေချိုးခန်းထဲမှာ Taehyung တစ်ယောက်ထွက်ပေါက်ပိတ်နေသည်...ပြန်ထွက်လို့လည်းမရတော့...
"ဘာလို့သူ့ကိုမဝင်ခိုင်းလိုက်တာလဲ..."
လူသုံးယောက်ရှိတော့ နည်းနည်းနေရသက်သာသေးသည်လေ...
"မင်းအဝတ်ချွတ်ထားတာ သူ့ကိုပြချင်နေလို့လား.."
"Ya...ငါကအဲ့သဘောနဲ့ပြောတာမဟုတ်ဘူးလေ ယောကျာ်းလေးအချင်းချင်းပဲ ဘာဖြစ်သွားမှာမို့လို့လဲ..."
"ကိုယ်ဖြစ်တယ်..."
ဘုကလန့်ပြောလာတဲ့ Jungkook ကို Taehyung မျက်မှောင်တွေကြုံ့ကာကြည့်လိုက်ပြီး...
"သူကငါခန္တာကိုယ်ကိုဂရုတောင်စိုက်မှာမဟုတ်ဘူး ကြည့်ချင်းကြည့်မင်းခန္တာကိုယ်ကိုပဲကြည့်မှာပေါ့..."
"ဘာလို့လဲ..."
(ဘာလို့လဲ?...)
သိသာနေတာပဲမဟုတ်ဘူးလား...Junho က Jungkook ကိုအတင်းအရောဝင်နေတာ လူတိုင်းမြင်နေတာပဲကို...Jungkook ကတကယ်ပဲမသိတာလား မသိချင်ယောင်ဆောင်နေတာလား...ထားလိုက်ပါတော့ ဒါတွေကသူ(th)နဲ့မှမဆိုင်ဘဲ...
"မသိဘူး...သိချင်ရင်မင်းဟာမင်း Junho ကိုသွားမေးကြည့်လိုက်"
"ငါမသိချင်ဘူး...အခုငါသိချင်တာက မင်းဘာလို့အင်္ကျီမချွတ်သေးတာလဲ..."
"ဟမ်..."
Taehyung ကြောင်သွားတာကိုအခွင့်ကောင်းယူကာ အနားကိုတိုးကပ်လာတဲ့ Jungkook...
"မင်း...မင်းဘာလုပ်မလို့လဲ..."
Taehyung ရင်ဘက်ကိုလက်နဲ့ကာထားလျှက်အနောက်ကိုဆုတ်နေမိသည်...
ရုတ်တရက် Jungkook အမြန်ပြေးလာကာ Taehyung ခါးလေးအားလက်တဖက်နှင့်ပွေ့ဖက်ကာထိန်းလိုက်သည်...Taehyung သာနောက်ထပ်ဆုတ်ရင် သူတို့အတွက်ခြေလက်မျက်နှာဆေးဖို့ လုပ်ပေးထားတဲ့ကန်နှင့်တိုက်မိတော့မှာ...
"သတိထားလေ...ကိုယ်ဘာမှမလုပ်ဘူး အဝတ်ချွတ်ပေးမလို့..."
"မ...မလိုပါဘူး ငါက ကလေးလား ငါ့ဟာငါချွတ်မှာပေါ့ ဖယ်ပေး..."
Taehyung ကပြောပြီးတွန်းနေတာကြောင့် Jungkook ဖက်ထားတာကိုလွှတ်ပေးလိုက်သည်...
YOU ARE READING
My Annoying Ex(Ongoing)
Fanfictionငါ့ရဲ့စိတ်ရှုတ်စရာကောင်းတဲ့ရည်းစားဟောင်းက ငါ့ကိုမချစ်ဘဲထပ်ကစားချင်နေတယ်...... Jungkook X Taehyung Start Date...[8-12-2022] End Date...