"နိုးလာပြီလား ခနလေးပဲစောင့်ပေး ဟင်းကျက်တော့မယ်.."
Jungkook စကားပြောလာတဲ့အထိ Taehyung စိတ်တွေရှုတ်ထွေးနေတုန်းပဲ..ဘာလို့Jungkook ကသူ(th)တို့တိုက်ခန်းမှာဟင်းလာချက်နေရတာလဲ..
"ခနလေး...မင်းကဘယ်လိုလုပ်ပြီးတိုက်ခန်းထဲရောက်နေတာလဲ Jungkook.."
"ကိုယ်လား..မင်းရဲ့ Manager Jimin တံခါးဖွင့်ပေးလို့လေ.."
"Ya..အဲ့တာတော့ သိတာပေါ့ ဘာကိစ္စရှိလို့ဒီမှာရောက်နေတာလဲ မေးတာ"
"အော်...ကိုယ်မင်းတို့ရဲ့မျက်နှာချင်းဆိုင်က တိုက်ခန်းကိုပြောင်းလာပြီလေ.."
"ဟမ်...ဘာလို့လဲ ဘာလို့မင်းကဒီကိုပြောင်းလာရတာလဲလို့.."
"မင်းမှကိုယ့်ဆီလာမနေတာ အဲ့တော့ကိုယ်လည်းမင်းနဲ့နီးချင်လို့ပြောင်းလာလိုက်တာ.."
(အား...Jeon Jungkook ငါ့မှာတော့ကျွန်းကပြန်ရောက်ရင် ဒင်းကိုအချိန်တိုင်းမတွေ့ရတော့ဘူးဆိုပြီးစိတ်အေးနေတုန်းရှိသေးတာ..အခုတော့ ငါ့ကိုအနီးကပ်စိတ်ဒုက္ခပေးဖို့ကြံနေပြန်ပြီ အူးဝါး Appa ကယ်ပါ...)
မျက်နှာကိုမဲ့လိုက်ရှုံ့လိုက်လုပ်နေတဲ့ Taehyung ကိုကြည့်ပြီး Jungkook တစ်ယောက်အူယားနေသည်..အိပ်ယာထစမို့ Taehyung မျက်နှာလေးကလည်းပြည့်ဖောင်းနေပြီး တကယ်ကိုဖြစ်ညစ်ချင်စရာလေး..ဟင်းချက်နေရင်းတန်းလန်းမို့လို့သာ Jungkook စိတ်ပြန်ထိန်းထားလိုက်ရသည်။
"မြန်မြန် မျက်နှာသွားသစ်ပြီးလာခဲ့ ကိုယ်မင်းကြိုက်တဲ့ Japchae လည်းလုပ်ထားပေးတယ်.."
"ငါ Japchae ကြိုက်တာဘယ်လိုသိတာလဲ.."
"ကိုယ်တို့အတူနေတုန်းက မင်းအဲ့တာကိုခနခနစားတာမြင်ဖူးလို့"
"အာ..."
ဟင်းနံ့မွှေးမွှေးလေးတွေကိုမလွန်ဆန်နိုင်တော့တာကြောင့် Taehyung ဘာမှထပ်တွေးမနေတော့ဘဲ မျက်နှာအရင်သွားသစ်လိုက်သည်..လောလောဆည်အစားစားဖို့သာအရေးကြီးတာမို့ နောက်ကိစ္စနောက်မှရှင်းတော့မယ်လေ...
Taehyung ပြန်ထွက်လာတော့ ထမင်းစားပွဲမှာဟင်းတွေကအကုန်အဆင်သင့်ဖြစ်နေပြီ...Jungkook က Taehyung ထွက်လာတာကိုမြင်တော့ ထမင်းကိုပန်းကန်ထဲအဆင်သင့်ခူးထည့်ပေးလိုက်သည်...
YOU ARE READING
My Annoying Ex(Ongoing)
Fanfictionငါ့ရဲ့စိတ်ရှုတ်စရာကောင်းတဲ့ရည်းစားဟောင်းက ငါ့ကိုမချစ်ဘဲထပ်ကစားချင်နေတယ်...... Jungkook X Taehyung Start Date...[8-12-2022] End Date...