" ကျနော့်မှာ ...ကလေး နှစ်ယောက်ရှိတယ် .....ခင်များ လက်ခံနိုင်ပါ့မလား ..."
သီသန့် မှန်လုံအိမ် Cafe ဆိုင်လေး၌ ၂၇ ဝန်းကျင် အမျိုးသမီး တစ်ဦး နှင့် ၃၂ နှစ်ဝန်းကျင် ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ဦး မျက်နှာချင်းဆိုင် ထိုင်လျှက်ရှိကြသည်။ ထို အမျိုးသမီး မျက်ဝန်း၌ ထိုအမျိုးသား၏ တစ်စုံတစ်ရာသော အရည်ချင်းကို တတ်မတ်နေဟန်ရှိသည်။ တတ်မတ်လည်း တတ်မတ်ချင်စရာပေ ကလေးအဖေ ဟုသာ ဆိုသည် အုတ်ကျိုးရောင် အနောက်တိုင်းကုတ် အင်္ကျီ အောက်က မိုးပြာရောင် သူ့ရဲ့ ရှုပ်အင်္ကျီ ၊ အဖြူရောင် ဘောင်းဘီရှည် ဖြင့် ကြည့်သည်နှင့် သေချာပေါက် လူချမ်းသာ တစ်ဦးဆိုသည်ကို ခန့်မှန်းနိုင်သည်။ အရပ်အမောင်းမှာလည်း ပြောစရာမလို။ ရုပ်ရည်လည်းရှိ ငွေကြေးလည်း ရှိတဲ့ ထိုအမျိုးသားမှာတော့ ထိုအမျိုးသမီး ပေါ် စိတ်ဝင်စားခြင်း ရှိဟန်မပေါ်ချေ။
" ကျွန်မ က ... ကလေး ချစ်တတ်ပါတယ် ... စိတ်ချပါ .. ရှင် အဒေါ် ရှင့် အကြောင်း အကုန်ပြောပြထားတာမို့ .... ရှင့် ကလေး တွေ အတွက် စိတ်မပူပါနဲ့ ... ကျမ ကလေးတွေ လို ပဲ သဘောထားမှာပါ ............."
ထိုအမျိုးသား ဟာ စားပွဲပေါ်မှ သံပုရာသီး ကွင်း ထည့်ထားသည့် Black Coffee ခါးခါးလေးအား တစ်ငုံစာမျှ ငုံသောက်လိုက်၏။ သက်ပြင်းတစ်ချက်လည်း ချလိုက်သည်။ ထိုအမျိုးသမီး အား ပြုံးပြ၍ ....
" ဒါဆို ... မိန်းကလေး က .. ကျနော့် ကို လက်ထပ်နိုင်တယ်ပေါ့ ... ကလေး နှစ်ယောက် အဖေ ........ မုဆိုးဖို ကျနော့် ကိုလေ ....."
" ကျမ ... အတွက် အဲ့တာတွေက ... အရေးမကြီးပါဘူး ...မိခင်မေတ္တာ လိုနေတဲ့ ကလေးတွေ ကို မိခင် တစ်ယောက်လို စောက်ရှောက်ပေးချင်တယ် ...."
" ကောင်းပြီ ...... ဒါဆို ... ကျနော် တို့ လက်ထပ်ကြတာပေါ့ ....လက်မထပ်ခင် ...စာချုပ်လေးတော့ လုပ်ကြမယ်လေ ......"
" စာချုပ် .........ဘာစာချုပ် လဲ ........"
" အမွေစာချုပ် ဆိုပါတော့ ...... ကျနော့် ဇနီးဟောင်း ဆုံးသွားကတည်း က ... သေခြင်းတရားကို ... ကျနော် တော်တော် ကြောက်သွားတာဗျ ..... တကယ်လို့ ကျနော်များ သေခဲ့ရင် .... ကျနော့်ကလေးတွေ မိထွေးဖြစ်သူရဲ့ အနိုင်ကျင့် အမွေလုတာမျိုး မကြုံစေချင်ဘူး ... ကျနော့် သမီးလေး ကို စင်ဒရဲလား ဘဝ မဖြစ်စေချင်သလို .. မိထွေက သုံးချင်တိုင်း သုံးပြီး ... ကျနော့် သားကို ခြံစောင့် နေရာထားတာမျိုး မဖြစ်စေချင်ဘူး ... အဲ့တော့ ကျနော် နဲ့ လက်ထပ်မယ် ဆို ကျနော့် အမွေတွေကို လုံးဝ....ထိခွင့်မရှိဘူး ... ပြီးတော့ ...."