ဆေးရုံ ရဲ့ ရှေ့၌ ပန်းခြံလေး တစ်ခုရှိသည် ။ လူနာများ နားနေရန် နှင့် လေကောင်းလေသန့် ရှူရှိုက်ရန်အတွက်ငှာ ထိုပန်ခြံလေး ထားရှိထားခြင်းဖြစ်သည်။ ထိုးပန်ခြံလေး ရှိ ခုံတန်းလေးတစ်နေရာ၌ လွမ်းယွန်း ဝမ်းနည်းစွာဖြင့် ထိုင်၍ ငိုကြွေးနေလေသည်။
“ ရော့ ……… ချောကလက် ပူပူလေး သောက်လိုက်ဦး …….”
လွမ်းယွန်း ဘေးသို့ ကုဋေ ဝင်ထိုင်လိုက်သည်။ လက်ထဲ က ချောကလက် ခွက်ကို လွမ်းယွန်း ထံ ကမ်းပေးလိုက်သည်။ လွမ်းယွန်းမှာတော့ငိုသာငိုနေသည်။ သူ့ လက်ထဲက ချောကလက်ဖျော်ရည်ပူပူလေး ကို ကြည့်၍ ခေါင်းခါလိုက်သည်။ ပြီးလျှင် ဆက်လက်သာ ငိုနေတော့သည်။
“ တကယ်ဆို …… ည က မေမေစိန့် နားမှာ စောင့်ရှောက်ပေးရမှာ …. ဟင့် ဟင့် ……ပတ်ဝန်းကျင်က ဘယ်လိုပဲ မြင်နေပါစေ ……သွားပြီး …….သွားပြီး ပြုစုပေးခဲ့ရမှာ …………… ဒီလို ဆို …….အနည်းဆုံးတော့ …….. ပြုစုခွင့် တော့ ရမှာ …………”
လွမ်းယွန်း ရဲ့ ဝမ်းနည်းမှုဟာ သူမရင်ထဲ၌ နောင်တတရားများဖြင့် မငြိမ်းသက်နိုင်ပေ။ ထိုကဲ့သို့ ဝမ်းနည်းပူဆွေးနေသည့် သူမ အား မိမိ ရင်ခွင်ထဲ
ထည့်၍ နှစ်သိမ့်ပေးလိုက်သည်။“ ကြမ္မာကို …… ဘယ်သူ့မှ စေခိုင်းလို့မရဘူး ……အခုလို ဖြစ်တာ မင်းကြောင့် မဟုတ်ဘူး ……. ဖြစ်ဖို့ကံပါလာလို့ … ဖြစ်တယ် လို့ပဲ မှတ်လိုက်နော် ……..”
လွမ်းယွန်း လည်း နှစ်သိမ့် ပေးနေသူ ထိုရင်ခွင်၌ တစ်ဝကြီး ငိုကြွေးပြီးရင်း ငိုကြွေးနေတော့သည်။ လုံခြုံဆုံးနှင့် အနွေးထွေးဆုံး ၊ ယုံကြည့်ရဆုံး ရင်ခွင်၌ လွမ်းယွန်း စိတ်ရှိလက်ရှိကို ငိုကြွေးနေမိတော့သည်။
“ ဒေါ်လေး ……………….”
အစွပ်စွဲခံရ၍ သူမ ဝမ်းနည်းနေမည် ကို သိသဖြင့် သူမအား နှစ်သိမ့်ပေးရန် သူမ အကြိုက် အသင့်သောက်ဒိန်ချဉ်ဗူးလေး ကိုင်ကာ ရောက်လာသော Shine ဖို့ နောက်ကျခဲ့လေပြီ။ တခြားသူ တစ်ဦးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှ သူမအား ငေးကြည့်ရင်း Shine တစ်ယောက် ဝမ်းနည်းနေမိသည်။ လက်ထဲပါလာတဲ့ ဗူးလေး အား တင်းကြပ်စွာဆုတ်ကိုင်ထားမိသည်။ နှလုံးအိမ်၌ တစ်ဆက်ဆက် တုန်ရီနေတော့သည်။