နံနက်ခင်း ရဲ့ နေရောင်ခြည်လင်းလုလု အချိန် Shinning တစ်ယောက် တစ်ခါးမှ မသုံးဖူးတဲ့ မီးဖိုခန်းထဲ ဝင်ရောက်ချက်ပြုတ်နေသည်။ သူချက်ပြုတ်ပြင်ဆင်နေသည့် အရာမှာ အုန်နို့ဟင်းရည်ဖြစ်၍ မီးဖိုတစ်ခန်းလုံး၌လည်း အုန်းသီးနုနုလေး ၏ မွေးရနံ့များသင်းကြိုင်နေတော့သည်။Shinning လက်ထဲက ဇွန်းဖြင့် ဟင်းရည်အိုးကို မွေရင်း ပြုံးစိစိဖြင့် ထိုဟင်ရည်အိုးထဲမှ ဟင်းရည်တို့ကို ငေးကြည့်ရင်း ပြန်လည် သတိရမိသည်မှာ ….
မိသားစု ထမင်းစားပွဲပေါ်ရှိ အုန်းနို့ဟင်းရည် ပန်ကန်ကို 17 နှစ်သာရှိသေးတဲ့ Shinning မှာ စွဲငြို့ခေါ် လွမ်းယွန်း ရဲ့ ဆံသားများအထက်မှ ထိုပန်ကန်ကို လောင်းချလိုက်သည်။ ခေါင်းမှစ၍ အုန်းနို့ဟင်းရည်များစီးကျလာကာ စွဲငြို့ ရဲ့ တစ်ကိုယ်လုံးလည်း ဟင်းရည်များနဲ့ ပေကျံကုန်တော့သည်။
“ Shine … ဒီမိန်းမ နဲ့ တူတူ မစားနိုင်ဘူး ….”
“ Shinning ……….”
“ ဖွားဖွားဆီက အချစ်တွေကို ဒီမိန်းမ လုယူသွားတာ … ဒီ မိန်းမ ကို Shine မိသားစု အဖြစ် ဘယ်တော့မှ လက်မခံနိုင်ဘူး ….. ဒီ မိန်းမ ကို ဒီနေ့ ပဲ နှင်ထုတ်လိုက် ……..”
Shinning မည်သူ တစ်ဦးတစ်ယောက်၏ ဖြေရှင်းချက်မျှ နားထောင်တော့ပါ။ ဒေါ်စိန်မာ မှာ မြေးဖြစ်သူကို တစ်စုံတစ်ရာကို ပြောချင်နေပါသော်လည်း မြေးဖြစ်သူမှာ စိတ်ဆိုးဆိုးဖြင့် ထွက်သွားတော့သည်။
Shinning လွန်ခဲ့သော ၅ နှစ်က ဖြစ်ရပ်ကြောင့် စိတ်မကောင်း ဖြစ်နေမိသည်။ မျက်လွှာလေးချ ၍ ဟင်းအိုးကိုသာ ကြည့်နေမိသည်။
တီ တီး တီ တီး ……
ထမင်းအိုးမှ ကျက်၍မြည်သံကြောင့် သတိပြန်ဝင်လာခဲ့သည်။ ထမင်းရော အုန်းနို့းခေါက်ဆွဲ အတွက် ခေါက်ဆွဲတွေရောပါ ခူးခပ်ပြင်ဆင်ပြီး စွဲငြို့ နိုးလာရင် စားဖို့ ရာ အဆင်သင့် ပြင်နေခဲ့သည်။ စွဲငြို့အတွက်ပြင်ဆင်ပေးရသည်ကို Shinning ကျေနပ်နေပုံရသည်။“ ဟုတ်ကဲ့ …… စွဲငြို့ အခုချက်ချင်း သွားတွေ့လိုက်ပါ့မယ် မမဖြိုးအိ ….”
အိပ်ခန်းထဲကမန်းကတန်း ဖြင့် စွဲငြို့ ဖုန်းပြောရင်း ထွက်လာသည်။ မျက်နှာတောင် မသစ်ရပေ။