“ လွမ်းယွန်း …….”
ရုတ်တရက် မိမိ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာတဲ့ သူမ ကို ကုဋေ အံ့ဩမင်သက်စွာဖြင့် ငေးကြည့်နေမိသည်။ ဤသည်မှာ တကယ်ဖြစ်ပျက်နေသည်လား ဒါမှမဟုတ် အိပ်မက်သည်လား ဟူ၍ တွေးတောမိရင်း ကြားရှည်စွာ သူမအား ငေးကြည့်နေမိသည်။
“ ဒါ …. Shinning ရဲ့ အခန်း ……..မဟုတ်လောက်ဘူး ထင်တယ် …”
ကုဋေ ရဲ့ ရုပ်ပျက်ဆင်းပျက် အကြည့်တို့ကြောင့် လွမ်းယွန်း ကြောက်မိသည်။ ထို့ကြောင့် ….
“ Sorry ပါနော် …..အခန်းမှား သွားလို့ ……..”
လွမ်းယွန်း ထွက်သွားရန်ပြုသည်။ ကုဋေ သူမ ရဲ့ ကို ဖမ်းဆုတ်လိုက်ပြီး သူမ အား မျက်စိမလွှဲပေ။
“ လွမ်းယွန်း …….”
“ ရှင် …………ဘယ်သူ …….”
ကုဋေ ရဲ့ မျက်ဝန်း တစ်စုံ မှ ပြောပြနေသည့် ခံစားချက်များကို လွမ်းယွန်း အဓိပ္ပာယ်ဖော်ကျူးနေမိသည်။
“ ဒေါ်လေး …………”
Elevator မှ ထွက်လာသည့် Shinning ရဲ့ အသံကြောင့် လွမ်းယွန်း ခေါ် စွဲငြို့ရှင့် ရဲ့ မျက်ဝန်း၌ အားတတ်သွားသလို ၊ လုံခြုံမှု ရသွားသလို အရိပ်ယောင်များ ဖျက်ခနဲ ထင်ပေါ်သွားသည်။ ကုဋေ ဆွဲကိုင်ထားသည့် လက်တစ်စုံကို ဖယ်ချကာ Shinning ရဲ့ လက်မောင်းသို့ အားကိုးတကြီး ဆုတ်ကိုင်လိုက်သည်။
“ ဒေါ်လေး … အသိလား ………”
“ ဟင့် အင်း …….. ဒေါ်လေး … အခန်းမှားနှိပ်မိတာ ….”
Shinning မှာ ကုဋေ ကို ဒီလူဘာအထာလဲ ဟူသော အဓိပ္ပာယ်ဖော်ဆောင်သည့် အကြည့်ဖြင့် ကြည့်ကာနေသည်။ လွမ်းယွန်း ရဲ့ ပုခုံးလေးကို ဖတ်၍ မျက်နှာချင်းဆိုင်အခန်းသို့ ဝင်သွားသည်။ ကုဋေ မှာတော့ လွမ်းယွန်း ပုခုံးပေါ်မှ ယောက်ျား တစ်ယောက်ရဲ့ လက်ကို သဝန်တိုတိုဖြင့် ရပ်ကြည့်ရင်း သူ ၏ လက်သီးများ ကျစ်ခိုင်နေအောင် ဆုတ်ထားမိတော့သည်။
“ အကို ……ကြက်ကြော် …လာပို့ တာ ….”
ကုဋေ ရဲ့ အာရုံ၌ Delivery သမား အသံမှာ အာရုံမရှိပေ။