“ လွှတ် …. ကျမ ကို လွှတ် …. လွှတ်လို့ပြောနေတယ်လေ ….”
မိမိ လက်အား အတင်းအကြပ်ဖမ်းဆုတ်ချုပ်ကိုင်ထားတဲ့ ကုဋေ့ ရဲ့ လက်တွင်းမှ ရုန်းကန်နေသည်။ ကုဋေ လုံးဝ လက်မလွှတ်ပါ။ လွမ်းယွန်း ထပ်ထပ်၍ ရုန်းကန်နေပြန်သည်။ မရသည့် အဆုံး ကုဋေ့ လက်ကို ကိုက်ဆွဲလိုက်သည်။
“ အ …အာ ……”
ထိုအခါ မှ လက်ကို ကုဋေ လွှတ်ပေးလိုက်သည်။“ ဒီမှာ … ဉက္ကဋ္ဌကြီး … ဉက္ကဋ္ဌကြီး က .. ဉက္ကဋ္ဌ ဖြစ်တယ်ဆိုတာနဲ့ … ကျမ ရဲ့ ဘဝကို ဝင်ရောက်ချုပ်ကိုင်ဖို့ မစဉ်းစားပါနဲ့ ….”
လွမ်းယွန်း စိတ်တိုတိုဖြင့်ပြောဆို၍ လှည့်ထွက်သွားသည်။
“ လွမ်းယွန်း ….. လွမ်းယွန်း ……..”
ကုဋေ နောက်မှ လိုက်၍ သူမ ရဲ့ ကိုယ်လုံးလေးအာ တစ်ကိုယ်လုံး နှစ်မြုပ်သွားသည်ထိ ရင်ခွင်ထဲသို့ နောက်မှ သိုင်း၍ ဖမ်းချုပ်လိုက်သည်။ သူမ ပုခုံးလေးထက်၌ မိမိရဲ့ မေးစေ့လေးတင်ကာ …
“ မိန်းမ …… ကိုယ် မင်း ကို အရမ်း လွမ်းနေခဲ့တာ …. အဲ့ဒီနှစ်တွေ အတွင်း ..မင်းဘယ်လို ရှင်သန်နေခဲ့လဲ ဟင် ….”
လွမ်းယွန်း ရဲ့ ပုခုံးထက်၌ စိုစွတ်သော အထိတွေ့ကို ခံစားလိုက်ရသည်။ သေချာပါသည် ။ သူငိုနေခဲ့၏။ ဝမ်းနည်းမှု တမ်းတမှုအပြည့်ဖြင့် စိတ်ပါလက်ပါဖြင့်ကို ငိုနေခဲ့သည်။
“ ရှင် ဘယ်သူလဲ …….”
ဘာ့ကြောင့် ရယ်မသိ လွမ်းယွန်း နှလုံးသားမှ တစ်ဆက်ဆက်တုန်ရီကာ မျက်ဝန်းစမှ မျက်ရည်များ ကျဆင်းလာတော့သည်။ လွမ်ယွန်း လည်း ဝမ်းနည်းနေမိပြန်သည်။
“ မင်း ….. ကိုယ့် ကို … မုန်းနေမယ် ဆိုတာ ကိုယ် သိပါတယ် … ဒါပေမယ့် အဲ့လိုတော့ .. ကိုယ့်ကို မသိသလို မလုပ်လိုက်ပါနဲ့ …”
“ ကျမ ….. တကယ် ရှင့်ကို မသိတာ ….တကယ်ပဲ ရှင် က ဘယ်သူလဲ……..”
“ ကိုယ့် ကို … တကယ် မမှတ်မိတော့တာလား …ဟင် …ဒါမှမဟုတ် ကိုယ့် ဆီ မင်းပြန်မလာချင်လို့ … ကိုယ့်ကို မင်းညာနေတာလား ……..”
လွမ်းယွန်း အနောက်မှ သိုင်း၍ ဖတ်တွယ်ထားသည့် ကုဋေ နှင့် လွမ်းယွန်း ကို ထိုသို မြင်သော Shinning မှာ ခပ်မြန်မြန်လှမ်းလာခဲ့သည်။