‘ ကြမ္မာ ….. အဲ့ အရာက ကျနော့် ကို မျက်နှာသာပေးခဲ့ပါတယ် … ဘာလို့ဆို ကျနော် သူ့ကို ပိုင်ဆိုင်ခွင့် ရခဲ့တယ်လေ ….မကောင်းတာက ကျနော်ပါ … သူ့ကို ပိုင်ဆိုင် ရစဉ်တကာလမှာ … သူနာကျင်အောင် … သူ ငိုကြွေးအောင်ပဲ …. သူ့ကို အနိုင်ယူခဲ့မိတယ် … တကယ်တမ်း ……. အနိုင်ရသွားသူက … သူပါ … ကျနော်မဟုတ်ဘူး ….”
Cafe ဆိုင်အပြင်၌ မိုးများသည်းထန်စွာရွာနေ၏။ ကုဋေ မှာ အပြင်ရှိ မိုးများသည်းမည်းနေမှုကြီးကို ရှုစားရင်း နောင်တ တရားများ တမြေ့မြေ့လောင်မြိုက်နေတော့သည်။ အရပ်ရှစ်မျက်နှာကိုလည်း သတိမမူမိတော့ပါ။ မိမိ ကျောချင်းကပ် စားပွဲ၌ ထိုင်နေသူ စွဲငြို့ခေါ် လွမ်းယွန်း ကို လည်း မမြင်မိပါ။ တကယ်လို့သာ သူ့အနောက်၌ တည်ရှိနေသူမှာ သူ၏ ဇနီးဟောင်း လွမ်းယွန်း ခေါ် ဘဝသစ်ဖြင့် အတိတ်အားမေ့ပျောက်နေသူ စွဲငြို့ရှင် ဆိုသည့် ကို ကုဋေ သိများသိခဲ့လျှင် မည်သို့ပြုမှုမည်လော။
‘ ဒီတစ်ခါလည်း …. ဘယ်လိုလူ မျိုး လာဦးမလဲ မသိဘူး …..ဝူး ………”
စွဲငြို့ သက်ပြင်းပင် ချမိ၏။ မိမိ ဆန္ဒမှာ မိမိ အတိတ်မှ မိသားစု ကိုပင် ရှာဖွေချင်ပါသော်လည်း ဒေါ်ဖြိုးအိ ၏ လူကို ရောင်းကုန်လို သတ်မှတ်ထားခြင်းကို သည်ခံ၍ ဘဝသစ်၌ ရှင်သန်နေရသည့် ဘဝကို စိတ်ကုန်မိလာသည်။ နားထဲ၌လည်း ဒေါ်ဖြိုးအိ ပြောပြောနေကြဖြစ်သည့် …
( ချမ်းသာတဲ့ ယောက်ျားတစ်ယောက် ကို မြန်မြန်ယူပြီး .. ငါ တို့ မိသားစု ထဲက မြန်မြန် ထွက်သွားလိုက် …)
ဆိုသည် ကို အထပ်ထပ်အခါခါ ကြားယောင်နေမိသည်။ဗီ …………
လွမ်းယွန်း ရဲ့ လက်ကလေးများသည် ကော်ဖီခွက်အားဆုတ်ကိုင်ထားသည်။ ထိုလက်ကလေးများ ရဲ့ ဘေး၌ ထားရှိသည့် ဖုန်းမှ စတင်တုန်ခါလာသဖြင့် လွမ်းယွန်းလည်း ကိုင်လိုက်သည်။“ အင်း အင်း ……. ဒေါ်လေး အခု ပြန်လာမယ် နော် ….. ဒါပဲနော် Shinning …”
လွမ်းယွန်း ရဲ့ မျက်နှာ၌ အပြုံးရိပ်ယောင်များပြန်လည် ဝင်ရောက်လာခဲ့သည်။ ပိုက်ဆံအိတ်ကို ဆွဲ၍ ချက်ချင်းပင် ထလာတော့သည်။ Cafe ဆိုင်မှ ထွက်တွင် မိန်းကလေး တစ်ဦးသည် မိမိ အားဝင်တိုက်လိုက်သည်။