အိပ်ရာထက်၌ မှေးစက်အိပ်ပျော်နေတဲ့ လွမ်းယွန်း ကို ဘေးတွင် ကုဋေတစ်ယောက် သူမအား ငြင်သာနူးညံ့ကြင်နာသော မျက်ဝန်းတစ်စုံဖြင့် ငေးစိုက်ကြည်နေသည်။ သူ ထိုကဲ့သို့ ငေးစိုက်ကြည့်နေခဲ့သည်မှာ မည်သည့်အချိန်မှ စ၍ မည်သည်အချိန်ထိတိုင် သူမအားကြည့်နေခဲ့သည်နည်း။
‘ မင်း ပဲ …… ကိုယ့်နား ပြန်လာတဲ့ မင်း က …….တကယ့် မင်းအစစ်ပဲ …. ဒါပေမယ့် ကိုယ့် ကို မသိတော့တဲ့ ……. မင်း ဖြစ်နေတယ် ….’အပြင်မှ ဖြာဝင်လာသည့် နေ၏ အလင်းရောင်ခြည်ကြောင့် လွမ်းယွန်း ရဲ့ မျက်လုံးများ ကြိမ်းစပ်လာခဲ့သည်။ ထို့ကြောင့် ငြင်သာစွာ ဖြေဖြေးလေး သူမ ရဲ့ မျက်ဝန်းများကို ဖွင့်လိုက်သည်။ မျက်စိကလေး ဖွင့်လိုက်ခိုက် မျက်စိရှေ့မှ ဝေဝေဝါးဝါး လူသဏ္ဍာန် ပုံရိပ်ကို အိပ်မက်အလား ထင်ယောင်နေမိသည်။
“ ဪ ……….. အိပ်မက် ပဲ …………”
ဖတ်လုံးအား ဖတ်၍ ကုဋေ့ အားကြောပေး၍ ဆက်လက် အိပ်စက်ရန် ပြုသည်။
“ Morning …………………”
မိမိဘေးမှ ကြားလိုက်ရတဲ့ ထိုအသံကြောင့် စွဲငြို့ အလွန်တရာ မှ ကို အံ့ဩမင်သက်သွားသည်။ ချက်ချင်း ထ လှည့် ကြည့်ကာ …………
“ ရှင် ………….. ရှင် ……….. ဘယ်လိုလုပ် ………”
လွမ်းယွန်း (ခ ) စွဲငြို့ရှင် ထ ထိုင်ကာ မိမိ ကိုယ်ပေါ် အရင်စစ်ဆေး၏။ ကိုယ်ပေါ်၌ လက်တစ်လုံးကြိုး Night Dress ပါးပါးရှုပ်ရှုပ်သာလျှင် ဝတ်ဆင်ထား၏။ ထိုသူကိုယ်အပေါ် ပိုင်း၌ အဝတ်စားမရှိ။ ညက ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို လွမ်းယွန်း ပြန်လည် စဉ်းစားပြန်သည်။ စဉ်းစား၍ မရပေ။
“ ရှင် …….. ညက ကျမ ကို ဘာလုပ်လိုက်လဲ ……”
“ ဘာဖြစ်ခဲ့တယ် ဆိုတာကို ……. မင်း မမှတ်မိဘူးလား …… မင်း သိပ်ရက်စက်တာပဲ ….ကွာ …. ကိုယ်တို့ နှစ်ယောက်ရဲ့ အချိန်ကောင်း လေးတွေကို မှ မင်း မေ့ပစ်ရက်တယ် …. ကိုယ် စိတ်မကောင်းဘူး ……..”
ကုဋေ့ ရဲ့ မျက်နှာကြီး ဟာ သူမ ရဲ့ မျက်နှာသွယ်သွယ်လေးရှိရာသို့ တိုးလာခဲ့သည်။ လွမ်းယွန်း လည်း ထိန့်ထိန့်လန့်လန့် ဖြင့် အနောက်သို့ တဖြည်းဖြည်း တွန့်ဆုတ်သွားခဲ့သည်။
![](https://img.wattpad.com/cover/331313705-288-k63179.jpg)