အထပ်မြင့် အဆောက်အအုံကြီး တစ်ခု ၌ ထိုကဲ့သို့ လက်ဆက်သော လေ ကို ရှူရှိုက် ၍ ရနိုင့်သည့် နေရာ တစ်နေရာရှိသည်။ ကွန်ဒို တစ်တိုက်လုံး၏ အမြင့်ဆုံး နေရာတစ်နေရာ ဖြစ်သည့် ခေါင်မိုးထပ်ပင်ဖြစ်သည်။ လက်ဆတ်သော လေကို တစ်ဝကြီး ရှူရှိုက်ရင်း သူမ နှင့် ဟိုကောင်လေး တို့ရဲ့ ပတ်သတ်မှု ကြောင့် ကုဋေ့ စိတ်ထဲ ကသိကအောက်ဖြစ်နေမိသည်။ လွမ်းမို နှင့် လွမ်းဖြိုးလေး တို့မှာတော့ ခေါင်မိုးထပ်၌ စိုက်ပျိုးထားသည့် ပန်းအိုးလေး တွေမှ မြေကြီးများ ကို မောင်နှမနှစ်ယောက်သား အတိုင်ဖောက်ညီညီ တူဆွးရင်း ဆော့ကစားနေကြ၏။
“ ဟာ ……… ဟို မှာ တီတီလေး ………”
ခေါင်မိုးထပ် ပေါ်သို့ တိတ်တဆိတ် ရောက်ရှိလာတဲ့ လွမ်းယွန်း ကို မြင်သူ ကလေး ၂ ယောက်မှာတော့ မြင်မြင်ချင်းပင် နုတ်ဆက်လိုက်သည်။ ကလေးတွေ ရဲ့ အသံကြောင့် လှည့်ကြည့်လာသူ ကုဋေ မှာ တော့ လွမ်းယွန်း ကို မြင်မြင်ချင်း စောန က သဝန်တိုခြင်း အငွေ့သက်များကြောင့် မျက်စောင်းလေး မထိတထိ ထိုးကာ ပြန်လှည့်၍ ကောင်းကင်ထက်၌ သာလင်းနေသည့် လမင်းကြီး အား မော့ကြည့်နေတော့သည်။ ထိုညကလေး သည် မိသားစု စုံလင်စွာဖြင့် သာယာလှပတဲ့ ညလေး တစ်ညပင်။
“ မြေကြီး တွေ တူး ဆွ နေကြတာလား …….. အချောလေး တို့ က ……ည ဘက်ကြီး ရေပြန်ချိုးနေရဦးမယ် …… ည ပိုင်း ရေချိုတာ …… ကျန်းမာ ရေးနဲ့ မညီညွတ်ဘူး ….”
“ တီတီလေး ……….တီတီလေး ………”
“ ဟမ် ……..”
“ လွမ်းမိုး လေး မေးစရာ ရှိလို့ ….”
“ အမယ် ……လွမ်းမိုး လေး က …..မေးစရာရှိတယ် ဆိုတော့ တီတီလေး က … ဖြေရမှာပေါ့ ….”
လွမ်းယွန်း စောင့်ကြောင့် ထိုင်လိုက်ပြီး လွမ်းမိုး လေးအား ပေါင်ပေါ်တင်လိုက်သည်။ တီတီတာတာ အသံလေးနဲ့ ….
“ ဟို ကိုကို က …..တီတီလေး ရဲ့ ကောင်လေးလား ဟမ် ….”
ကုဋေ မှာ သမီးဖြစ်သူ ရဲ့ အမေးကို ပြန်လည်ဖြေဆိုမည့် လွမ်းယွန်း ရဲ့ အဖြေကို သိချင်နေမိသဖြင့် မသိမသာလေး ခိုးကြည့်မိသည်။