အခန်း တစ်ဝက်လောက် အရွယ် ရှိတဲ့ Prewedding ဓာတ်ပုံအား အလုပ်သမားများ နံရံထက်၌ ချိတ်ဆွဲနေကြသည်။ စစ်မင်းပိုင် သည် အလုပ်သမားများ ချိတ်ဆွဲနေကြသည့် ထိုအခန်းသို့ ဝင်လာခဲ့သည်။
“ သူဋ္ဌေး … ကြည့်ရတာ အဆင်ပြေ ရဲ့ လား ……”
အလုပ်သမား များ နဲ့ အရောတဝင် မနေတတ်သူ စစ်မင်းပိုင်မှာတော့ မျက်နှာတည်ကြီးဖြင့်သာ ……
“ မင်း တို့ သွားလို့ ရပြီ ………”
စစ်မင်းပိုင် ထိုသို့ပြောသည် ဆိုသည်မှာ အဆင်ပြေသည် ဟူသော အဓိပ္ပာယ် ဖြစ်သည်ကို သိနှင့်နေပြီး သား အလုပ်သမားများ ကတော့ စစ်မင်းပိုင် ရဲ့ အမိန့်ရပြီ ဆိုသည်ဖြင့် ထို အခန်းထဲမှ ထွက်သွားတော့သည်။ အလုပ်သမား တစ်ဦးတစ်ယောက်မှ မရှိတော့ ချိန် တွင် မှ နံရံပေါ်ရှိ ဓာတ်ပုံနားသို့ တိုးလျှောက်သွားသည်။ ဓာတ်ပုံကို ကြည့်ရင်း ကြည့်ရင်း စစ်မင်းပိုင် နှုတ်ခမ်းသားများ တဖြည်းဖြည်း ကွေးညွှတ်လာခဲ့သည်။ မျက်ဝန်းထဲ၌ လည်း ကြည်လဲ့လဲ့ အရောင်လေးများ သန်းနေတော့သည်။ ဘေးပတ်ဝန်းကျင်မှ တစ်စုံတစ်ခုကို ဝေ့ဝိုက်ကြည်လိုက်ပြန်သည်။ သူရှာဖွေနေသည်မှာ ခုံတစ်လုံးပင်။ အိပ်ခန်းထဲမှ အလှဆင်ပန်းအိုး တင်ထားသည့် ခုံကိုမြင်သော် အပေါ်မှ အလှပန်းအိုး ကို ချ၍ ခုံကို ဆွဲယူလာခဲ့သည်။ နံရံရှေ့နား ထိုခုံကို ချ၍ ခုံပေါ်တတ်လိုက်သည်။ သူမ ရဲ့ ပုံရိပ်နှင့် ပို၍ နီးကပ်သွားခဲ့သည်။
“ နောက်ဆုံးတော့ …….မင်း ကို ပြန်ပိုင်ဆိုင်ခွင့် ရတော့မယ် ….”
ရုပ်ပုံထဲမှ သူမ ရဲ့ ပါးပြင်လေးသို့ မိမိ မျက်နှာတိုးဝှေ့နေတော့သည်။ ရုပ်ပုံထဲမှ သူမ ပါးပြင်ပေါ်သို့ ညင်သာစွာထိတွေ့ ရင်း ……
“ ဟမ်း …………. ကိုယ် လေ …. မင်း ကို သိပ်ချစ်တယ် ….. ကိုယ့် ဘဝ ထဲက နေ မင်း ကို ….. ဘယ်သူ့ မှ ဆွဲထုတ်ခွင့် မပြုတော့ဘူး …”
ရုပ်ပုံ ထဲမှ လွမ်းယွန်း ရဲ့ နုတ်ခမ်း လေးအား ငြင်ငြင်သာသာ ထိတွေ့နမ်းရှိုက်လိုက်ပြီး နောက်….
“ မင်း သိလား …….. မင်း ကို ပထမအကြိမ် ဆုံးရှုံးလိုက် ရတုန်းက … ကိုယ့် နှလုံးသား .. ဘယ်လောက် …ဘယ်လောက် တောင် … နာကျင် လိုက် ရလဲ …”