“ ငါတို့ ဉက္ကဋ္ဌ ကြီး ရဲ့ လူပျို ဘဝ နောက်ဆုံးနေ့ တွက် Cheer …”
Company ရှိ ဝန်ထမ်းများက ခွက်တိုက်ဂုဏ်ပြုကြသည်။ မျက်နှာ၌ ပျော်လို့မဆုံး တပြုံးပြုံးကြီးဖြင့် ရှန်ပိန် ခွက်အား ကုဋေ တိုက်၍ ဝန်ထမ်းများနဲ့ လုပ်ဖော်ကိုင်ဖက်များ ဂုဏ်ပြုခြင်းကို လက်ခံလိုက်သည်။ ထိုမိန်းကလေး အား နောက်ဆုံးပိုင်ဆိုင်ခွင့်
ရရှိခဲ့ပြီးဖြစ်တာကြောင့် ကုဋေ မျက်နှာ၌ ဝမ်းသားခြင်းနှင့်အတူ ဂုဏ်ယူမဆုံးဖြစ်နေမိသည်။“ ဉက္ကဋ္ဌကြီး …. မသောက်ဘူးလား …. ဒီနေ့ က ခင်းများရဲ့ … လူပျိုးဘဝရဲ့ နောက်ဆုံးနေ့လေ … အဝသောက်ပြီး အဝ ပျော်ရမှာပေါ့ …”
နီမြန်းနေတဲ့နုတ်ခမ်းပါးလေး ဟာ အပေါ်သို့ပင့်တတ်၍ ပြုံးလိုက်၏။
“ ကျနော့် ရဲ့ … လှပတဲ့ ညလေးကို အဓိပ္ပာယ်ရှိတဲ့ ခံစားချက်လေး နဲ့ ပဲ ဖြတ်သန်းချင်တယ် …..”
ရှန်ပိန် ခွက်အားစာပွဲပေါ်ချလိုက်သည်။
“ ကျနော် ….ပြန်တော့မယ် … အိမ်မှာ ကျနော် ဇနီးအသစ်စက်စက်လေး စောင့်နေတာမို့ …ခွင့်ပြုပါဦး ….”
ရင်ခုန်းရ၏။ ဘဝရဲ့ ပထမဆုံးအကြိမ် မို့လား မသိပါ။ မင်္ဂလာအိပ်ခန်းထဲ ဝင်ရန် ကုဋေ စိတ်လှုပ်ရှားနေမိသည်။ ကား ဒက်စဗုတ် ထဲမှ အသင့်ဝယ်ထားခဲ့တဲ့ အရက်ပုလင်းအား ကိုယ်အနံ့ပေးကျံအောင် စွတ်ဖြန်းလိုက်သည်။ ပြီးမှသာ ကားပေါ်က ဆင်းသွားတော့သည်။
“ ကုဋေ …… နင် .. အရက်တွေ ဘယ်လောက်တောင် သောက်လာတာလဲ .. နံစော်နေတာပဲ ..”
အဒေါ်ဖြစ်သူ ဒေါ်မျိုးစန္ဒီ က အိမ်ထဲဝင်လာတဲ့ ကုဋေ ကို အပြစ်ဆိုလိုက်သည်။ ကုဋေ ခေါင်းခါပြလိုက်၏။
“ ကျွန်တော် .. မသောက်လာဘူး ….”
“ အရက်နံ့ ထောင်းထောင်းထ နေတာတောင် မသောက်လာဘူး လို့ ပြောသေးတယ်နော် …”
“ တီလေး … ကျနော် ဘယ်တုန်းက လိမ်ဖူးလို့လဲ … ကျနော် တကယ်မသောက်လာဘူး …”
ကုဋေ ရုပ်က မူးနေတဲ့ ရုပ်လည်းမပေါက်တာကြောင့် ဒေါ်မျိုးစန္ဒီ ယုံလိုက်၏။