ညအိပ်ရာပုံပြင်များ ဖတ်ပြ၍ ကလေးတွေအိပ်ပျော်အောင် သိပ်ရသည်မှာ အများစုအားဖြင့် မိခင်များက ပြုလုပ်ပေးတတ်ကြသော်လည်း လွမ်းမိုးကုဋေ နှင့် လွမ်းဖြိုးကုဋေ တို့လို မိတစ်ဆိုး လေးတွေတွက်တော့ အိပ်ယာဝင် ပုံပြင်ဖြင့် ချော့သိပ်ရသူမှာ ဖခင်ဖြစ်သူ ကုဋေရှိန်ဝါပိုင် ပင်ဖြစ်သည်။ အလုပ်လည်း လုပ်ရ ကလေးလည်း ထိန်းရ ။ ကလေးထိန်း ဆိုလို့ ကလေးထိန်း နဲ့ လည်း ရတာပဲ လို့မတွေးစေချင်လို့ပါ ။ ဇနီးဖြစ်သူ ကို ဆုံးရှုံးပြီးကတည်း က ကုဋေ မှာ သားနဲ့ သမီးထံ သူ့ အချစ်နဲ့ သူ့စိတ်ကို မြှုပ်နှံထားတာကြောင့် သားနဲ့ သမီး ကို တစ်စုံတစ်ယောက်ကြောင့် ဆုံးရှုံးရမည်ကို ကြောက်၏။ ဒါ့ကြောင့် ကလေးထိန်း လက်တွင် သူအလုပ်သွားနေသည့် အချိန်ကလေး၌သာ ထား၍ သာမန်ချိန်ဆို ကလေးများနှင့် တူတူဖြတ်သန်းကြသည်။ အလုပ်လည်း လုပ်ရ ကလေးလည်းထိန်းရတာကြောင့် တူဖြစ်သူကို ဒေါ်မျိုးစန္ဒီ က နောက်အိမ်ထောင် ထပ်ပြုခိုင်းသည်နှင့်တူသည်။
" နှင်းဆီပန်းလေး ကို ခူးလိုက်မိတဲ့ .... အဘိုးကြီး ရဲ့ အစား သူ့သမီးဖြစ်သူက ...သားကောင်ကြီး ရဲ့ ရဲတိုက်ထဲ မှာ သားကောင်ကြီး နဲ့ တူတူ ဖြတ်သန်းလာရင်း ... မိန်းမလှလေး နဲ့ သားကောင်းကြီး ... သံယောဇဉ်တွေ ဖြစ်လာကြတယ် ...."
" ဖေဖေ .......သားကောင်ကြီး က ဘယ်သူလဲ ဟင် ..."
သားနဲ့သမီး ဟာ ကုဋေးရဲ့ ဘေးတစ်ဖက်စီ၌ နေရာယူလှဲလျှောင်းနေကြသည်။ ကုဋေကတော့ အလယ်မှာ ပုံပြင်စာအုပ်လေး ကိုင်ရင်း ပုံပြင်ပြောနေသည်။ သမီးဖြစ်သူ ရဲ့ ကလေးအတွေး ကလေးအမေးကြောင့် ကုဋေလည်း
" ဖေဖေ ပေါ့ ......."
" ဒါဆို ........ မိန်းမလှလေးက ... မေမေ ပေါ့ နော် ..."
ကုဋေ စိတ်ထဲ အေးခနဲ့ဖြစ်သွား၏။ ဝမ်းနည်းသည်လား။ ခေါင်းလေးငြိမ့်လိုက်ပြီး။
" ဒါပေါ့ .... ဖေဖေ က သားကောင်ကြီး ဆိုမှ တော့ .. မိန်းမလှလေးက သမီး ရဲ့ မေမေ ပေါ့ ...."
" မေမေ က .... လှလားဟင် ..."
သားဖြစ်သူ ရဲ့ အမေးကြောင့် ကုဋေ သူတို့ကို သနားမိ၏။ ဂရုဏာမျက်ဝန်းတို့ဖြင့် သားနဲ့ သမီး ကို ကြည့်လိုက်မိသည်။ သားဖြစ်သူက ပုံပြင်စာအုပ်ထဲမှ မိန်းမလှလေးအား လက်ထောက်ပြ၍။
YOU ARE READING
Breathing Song Behind The Heart
FantasíaHe finding his Forgetting the past of wife🥰