ရေချိုးခန်းရှိ ရေပန်းအောက်မှ ရေစက်များ တဖြန်းဖြန်းကျဆင်းနေ၏။ ရေပန်းများအောက် ကုဋေ ရေချိုးရင်း လေးနက်သော အတွေးတစ်ခုကို တွေးတောနေမိကာ မျက်မှောင်ကြီးကြုတ်ထားသည်။ ရေစက်တို့ဟာ ကုဋေ ရဲ့ ကျစ်လစ်သန်မာတဲ့ ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းစီးဆင်းသည်။ ကုဋေ စိတ်များ အတော်ကို ပင်ပန်းလျှက်ရှိသည်။ နားထဲ အပြန်ပြန် အလှန်လှန် ကြားယောင်နေမိသည့် အသံတစ်ခုမှာ …
‘ ရှင် ရူးနေလား ... ဘယ်သူက ရှင့်ဇနီးလဲ ’
သူမ ရဲ့ စကားများသည် ကုဋေအား နှလုံးအိမ်ထဲ မီးမွေးလိုက်သလို ပူလောင် နာကျင်ရသည်။ ကိုယ့်ကိုယ်ကို လည်း နားမလည်နိုင်ပါ။ ဘာ့ကြောင့် သူမ ကို စစ်မင်းပိုင် နဲ့ တူတွဲမြင်ရသည့် အခါ လွမ်းယွန်း ကဲ့သို့ ဘာ့ကြောင့် များ သဝန်တိုနေမိသလဲ။ တကယ်ပဲ လွမ်းယွန်းပင်လား ။ ကုဋေ မတွေးတတတ်တော့ပါ။
“ မင်း … ဘယ်သူ လဲ … ဘာ့ကြောင့် ငါ့ စိတ်ကို လွမ်းမိုး နိုင်ရတာလဲ …”
ရှုပ်ထွေးလာတဲ့ စိတ်ကြောင့် ကိုယ့်ကိုယ်ကို ဘယ်လို ချုပ်ထိန်းရမလဲ မသိနိုင်တော့ပါ။
……………..
လွမ်းမိုးကုဋေ နဲ့ လွမ်းဖြိုးကုဋေ တို့နှစ်ယောက် အဖွားလေး ဖြစ်သူ ဒေါ်မျိုးစန္ဒီ သိပ်လိုက်သဖြင့် မောင်နှမ နှစ်ယောက် အိပ်ပျော်သွားကြလေပြီးဖြစ်သည်။ ဒေါ်မျိုးစန္ဒီ ဖုန်းဆက်နေသည်။ ပထမ တစ်ကြိမ်ဖုန်းဆက်သည် ဖုန်းမကိုင်ပေ။ ဒုတိယတစ်ကြိမ်ထပ်ဆက်သည် မကိုင်ပါ။
“ ဒီကောင်လေး …. ဘာဖြစ်ပြန်ပြီးလဲ …”
တူဖြစ်သူအား ထပ်ထပ်၍ ဆက်ပြန်သည်။
ဗွီ ……..
Condo ရှိ ဝန်ရံတာ ၌ ခန္ဓာကိုယ်၏ အောက်ပိုင်း၌ သပတ်ပတ်၍ ကောင်းကင်၌ထွန်းလင်းသာနေတဲ့ လမင်းကြီး ကို ငေးမော လွမ်းဆွတ်နေသည်။ ပတ်ဝန်းကျင်နှင့် အဆက်သွယ်ပြတ်တောက်နေခဲ့သည်။ သောက်လက်စ အရက်ပုလင်း များ အရက်ခွက်များ ဘေး တင်ထားတဲ့ တဗွီဗွီ မြည့်နေသော ဖုန်းကို သတိထားမိသောအခါ ဖုန်းရှိရာသို့ လျှောက်လှမ်းသွားတော့သည်။